ငါးခိုးဖမ်းမှုကြောင့် မြန်မာ ၄ ဦးကို အင်ဒိုနီးရှား ဖမ်းဆီး

0
260

 

အင်ဒိုနီးရှား ရေပိုင်နက် မလက္ကာ ရေလက်ကြားမှာ တရားမဝင် ငါးခိုးဖမ်းတယ်ဆိုပြီး ငါးဖမ်းသင်္ဘော ကပ္ပတိန်အပါအဝင် မြန်မာ ၄ ဦးကို အင်ဒိုနီးရှား ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

မလေးရှား အလံ လွှင့်ထူထားတဲ့ အဲဒီငါးဖမ်းသင်္ဘောကို ဧပြီလ ၁၅ ရက်နေ့က ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဘန်ဒါအာချေး ရေကြောင်းရဲတပ်ဖွဲ့က စီနီယာ ကော်မရှင်နာ ဆူကာမတ်က ပြောပါတယ်။

ငါးဖမ်းသင်္ဘောဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ အင်ဒိုနီးရှားရဲတွေက ရပ်တန့်စေပြီး စစ်ဆေးခဲ့ရာမှာ ငါးဖမ်းလိုင်စင်မရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။

သင်္ဘော ကပ္ပတိန်နဲ့ မြန်မာသင်္ဘောသား ၄ ဦးကို ကွာလာ နန်ဆာမှာ ခေါ်ယူထိန်းသိမ်းထားပါတယ်။ ဖမ်းဆီးခံရသူတွေက ကပ္ပတိန် နေဟန်ထွန်း (၃၇ နှစ်)၊ သင်္ဘောသားတွေ ဖြစ်တဲ့ မင်းဝင်းဆန်း (၂၆ နှစ်)၊ အေးမြင့်ထွန်း (၂၇ နှစ်) နဲ့ နိုင်မင်းကျော် (၂၆ နှစ်) တို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)