“မြောက်ကိုရီးယားရဲ့ဒုံးကျည်ပစ်ခတ်မှုက စစ်လှုံဆော်မှုဖြစ်ကြောင်း အမေရိကန်ပြော”

0
280

ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ မြောက်ကိုရီးယားက မအောင်မြင်တဲ့ ဒုံးကျည်ပစ်ခတ်မှုပြုလုပ်ခဲ့ ပြီးနောက်ပိုင်း ပြုံးယမ်းအစိုးရဟာ  စစ်ဖြစ်ပွားအောင်လှုံဆော်ဖို့ ကြိုးပမ်းနေကြောင်း အမေရိကန်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရရဲ့လုပ်ရပ်ဟာ အဆင်ခြင်ကင်းမဲ့ပြီး အမေရိကန်နိုင်ငံ အနေနဲ့ မြောက်ကိုရီးယားအရေး ကိုဖြေရှင်းဖို့အတွက် တရုတ်အစိုးရနဲ့ အနီးကပ်ပူးပေါင်း လုပ်ဆောင်နေကြောင်း အမေရိကန်ကာကွယ်ရေး ၀န်ကြိးဂျိမ်းမတ်စ်က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယားဒုံးကျည်ဟာ ချက်ချင်းပေါက်ကွဲလုနီးပါးဖြစ်ခဲ့တယ်လို့ ပင်တာဂွန်စစ်စခန်း ပြောဆိုခဲ့ပါတယ်။ ပြုံးယမ်းအစိုးရက အပတ်စဉ်ဒုံးကျည်စမ်းသပ်မှုပြုလုပ်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တကယ်လို့ အမေရိကန် က စစ်ရေးအရ အရေးယူမှုပြုလုပ်ခဲ့မယ်ဆိုရင် ဘယ်လိုစစ်ပွဲ ပုံစံမျိုးမဆိုအတွက် အသင့်ရှိနေကြောင်းလည်း ခြိမ်းခြောက်ပြောဆိုခဲ့ ပါတယ်။

အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားကို စီးပွားရေးပိတ်ဆို့အရေးယူမှုအပြင်းအထန်ပြုလုပ်ဖို့လည်း ပြင်ဆင်နေပါတယ်။ အဲ့ဒီလို စီးပွားရေး ပိတ်ဆို့မှုဖြစ်ပေါ်လာမယ်ဆိုရင် မြောက်ကိုရီးယားကို ရေနံတင်ပို့မှု ပိတ်ပင်မှု၊ မြောက်ကိုရီးယားလေ ကြောင်းလိုင်းတွေကို တကမ္ဘာလုံးကပိတ်ပင်မှု၊ ကုန်တင်သင်္ဘောတွေ မြောက်ကိုရီးယားကို မ၀င်နိုင်အောင်တားဆီးမှုတို့အပြင် မြောက်ကိုရီးယားနဲ့ စီးပွားရေးအရ ဆက်နွယ်တဲ့ တရုတ်ဘဏ်လုပ်ငန်းတွေကို ပြစ်ဒဏ်ပေးမှုတွေပါ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ပြစ်တင်ရှုတ်ချမှုနဲ့ ကုလသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှုတွေရှိနေပေမယ့်လည်း မြောက်ကိုရီးယား ကတော့ သူ့ရဲ့ နူက လီယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)