“ပြင်သစ်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်တိုက်ဖို့ ကြံစည်နေသူတွေ ဖမ်းဆီးရမိ”

0
304

ပြင်သစ်သမ္မတရွေးကောက်ပွဲမတိုင်မီရက်ပိုင်းမှာ အပြင်းအထန်တိုက်ခိုက်မှုပြုလုပ်ဖို့ကြံစည်နေသူနှစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သံသယတရားခံတွေကို ဗုံးနဲ့သေနတ်တွေ တိုက်ခန်းအတွင်းမှာ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးလိုက်တာဖြစ် ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မနေ့က ပြင်သစ်နိုင်ငံသား အသက် ၂၃နှစ်နဲ့ ၂၉နှစ်အရွယ်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ အဆိုပါတရားခံတွေ ဟာ အကျဉ်းထောင်အတွင်းမှာ အကြမ်းဖက်ဝါဒသွတ်သွင်းခံခဲ့ရတာဖြစ်ပါတယ်။ လူပေါင်း ၂၃၀ခန့် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှု  ဆက်တိုက်ဖြစ်စဉ်တွေနောက်ပိုင်း ပြင်သစ်နိုင်ငံမှာ အရေးပေါ်အခြေအနေကြေငြာထားဆဲဖြစ်ပါတယ်။

ပြင်သစ်သမ္မတရွေးကောက်ပွဲဝင်မယ့် အဓိကသုံးဦးကတော့ အီမန်နူရယ်မာရွန်၊ မာရင်းလေပန်နဲ့ ဖရန့်ဆွာဖီလွန်တို့ပဲ ဖြစ်ပြီး ပြီးခဲ့ တဲ့ရက်သတ္တပတ်အတွင်းက  အဆိုပါလူနှစ်ဦးနဲ့ပတ်သက်ပြီး လုံခြုံရေးအရသတိပေးထားခဲ့ရကြောင်း ပါတီအရာရှိတွေက ပြောပါ တယ်။

အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ဖို့ကြံစည်သူနှစ်ဦးက ဘဲလ်ဂိမ်းနယ်စပ်အနီးရှိ ခရိုဇ်က မာဟိန်းဒင်း ၂၉နှစ်နဲ့ ပါရီမြို့မြောက်ပိုင်းရှိ အီရာမွန်ဒေသက ကလီမွန်ဘီ ၂၃နှစ်တို့ဖြစ်ကြောင်းသိရှိရပါတယ်။ ၄င်းတို့နှစ်ဦးဟာ အကျဉ်းထောင်အတွင်းမှာ ဆုံတွေ့ခဲ့ကြတာ ဖြစ်ပြီး အစ္စလာမ်မစ်အစွန်းရောက်တွေဖြစ်ကြောင်း ရဲတပ်ဖွဲ့က သိရှိထားပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲက အဆိုပါ အကြမ်းဖက်သမားနှစ်ဦးကို ရဲတပ်ဖွဲ့က ဓါတ်ပုံနဲ့ကြေငြာချက်ထုတ်ပြန်ပြီး လိုက်လံရှာဖွေနေခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)