“ဖေ့ဘွတ်ခ်လူသတ်သမား စတီဗ်ကို အသေဖမ်းမိ”

0
260

အဘိုးအရွယ်လူတစ်ဦးကို လမ်းမပေါ်မှာ အသေပစ်သတ်ခဲ့ပြီး ဖေ့ဘွတ်ခ်မှာ လူသတ်မှုဗွီဒီယိုဖိုင် တင်ခဲ့တယ်လို့ သံသယရှိတဲ့ အမေရိကန်သေနတ်သမားစတီဗ်စတက်ဖ်ကို အသေဖမ်းမိခဲ့ကြောင်း သိရှိရပါတယ်။

တရားခံရဲ့မိုလ်ဘိုင်းဖုန်းကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့လည်ပိုင်းအထိ အာဏာပိုင်တွေက လူသတ်မှုနဲ့ မိုင် ၁၀၀အကွာအ ဝေးမှာ ခြေရာခံမိနေခဲ့ပြီး တရားခံစတီဗ် ဟာ ပင်စနီဗန်နီးယားပြည်နယ်ရှိ မက်ဒေါ်နယ်ဆိုင်မှာ ၀င်ရောက်စားသောက်ချိန်မှာ ၀န်ထမ်းတစ်ဦး က သတိထားမိပြီး အရေးပေါ် ဖုန်း ၉၁၁ ကိုဆက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ချိန်မှာ သံသယတရားခံက သူ့ကိုယ်သူသေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ အသတ်ခံရသူ မစ္စတာရောဘတ်ဂေါဒ်ဝင်ရဲ့ မိသားစု ၀င် တွေကတော့ လူသတ်သမားရဲ့လုပ်ရပ်ကြောင့် စိတ်ဆင်းရဲကြရပေမယ့် ခွင့်လွှတ်ပေးထားကြောင်း ပြောဆိုခဲ့ကြပါတယ်။

အသက် ၇၄နှစ်အရွယ် မစ္စတာရောဘတ်ဂေါဒ်ဝင်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေလည့်ပိုင်းက အီစတာနေ့လည် စာစားပွဲသွားခဲ့ပြီးအိမ်ကိုလမ်းလျှောက်ပြန်လာချိန်မှာ အခုလိုပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဖေ့ဘွတ်ခ်က အဆိုပါပို့စ်တင်သူကိုစိစစ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဗွီဒီယိုဖိုင်က ဆိုက်ဒ်ပေါ်မှာ နာရီနဲ့ချီပြီးရှိနေခဲ့ပါတယ်။

အဆိုပါလူသတ်မှုကျုးလွန်သူ စတီဗင်စတိဖန်က နောက်ထပ်ဗွီဒီယိုပို့စ်တစ်ခုမှာ သူ့အနေနဲ့ လူ ၁၃ဦးသတ်ဖြတ်ခဲ့ပြီး နောက်ထပ် သတ်ဖြတ်မှုတွေ လုပ်ဦးမယ်လို့လည်း ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)