“အပူပိုင်းရောဂါတိုက်ဖျက်ရေး ထူးထူးခြားခြားအောင်မြင်မှုရရှိ”

0
275

လျစ်လျူရှုထားတဲ့ အပူပိုင်းရောဂါတွေကို တိုက်ဖျက်ဖို့အတွက် ဆေးဝါးဖြန့်ချိပေးမှုမှာ စံချိန်တင်အောင်မြင်မှု ရရှိခဲ့ကြောင်း ဘီလ်နဲ့ မဲလ်လင်ဒါဂိတ်ဖောင်ဒေးရှင်းက ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ခန့်က လန်ဒန်မြို့မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးကြီးတစ်ခုကနေ စတင်ပြီး အခုလိုဆေးဝါးဖြန့်ဖြူးမှု တိုးမြှင့်ဖို့ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၂ခုနှစ်ကစတင်ပြီး ကုမ္ပဏီတွေက ဒေါ်လာ၇ဘီလျံလှူဒါန်းခဲ့ပါတယ်။ အပူပိုင်းရောဂါတိုက်ဖျက်ရေး ကို ဆက်လက်တိုးမြှင့်ဖို့အတွက် ရေနဲ့အိမ်သာစနစ် တွေ ပိုမိုကောင်းမွန်လာရေး က အဓိကကျနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။

လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ လာမယ့် ၂၀၂၀ပြည့်နှစ်အတွင်း အဓိကကျတဲ့ အပူပိုင်းရောဂါ ၃မျိုးအပါအ၀င် လျစ်လျူရှုထား တဲ့ ရောဂါ ဆယ်မျိုးကို ထိန်းချုပ်ဖို့ အပြီးတိုင်တိုက်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

နှစ်စဉ်လူပေါင်းတစ်သိန်းခုနှစ်သောင်းခန့်ဟာ အပူပိုင်းအဖျားရောဂါ တစ်မျိုး မဟုတ်တစ်မျိုးနဲ့ သေဆုံးနေပြီး အဆိုးရွားဆုံး အကျိုးဆက်အဖြစ် လူနာတွေကို ဒုက္ခိတဖြစ်စေတဲ့အချက်ပဲဖြစ်ပါတယ်။

၂၀၁၅ခုနှစ်မှာ လူပေါင်း သန်းတစ်ထောင်မှာ အပူပိုင်းရောဂါ အနည်းဆုံး တစ်မျိုးကို ကုသပေးနိုင်ခဲ့ပါတယ်။ အခုလို ထူးထူးခြားခြားအောင်မြင်မှုရရှိလာအောင် ဆေးဝါးကုမ္ပဏီ တွေက ပူပေါင်းကူညီပေးခဲ့တဲ့အတွက် ဘီလ်ဂိတ်က ချီးကျုးစကားပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လအတွင်းက သမ္မတထရန့်နဲ့ ဆွေးနွေးခဲ့တဲ့ မစ္စတာဘီလ်ဂိတ်က ကုလသမဂ္ဂလူထုရန်ပုံငွေအနေနဲ့ အမေရိကန်ရဲ့ကူညီနေမှုကို လျော့ချဖို့မကြာသေးခင်ကဆုံးဖြတ်ခဲ့တဲ့အချက်ဟာ ကံဆိုးပြီး စိတ်ပျက်စရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တင်ရန်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)