“ရာသီဥတုပြောင်းလဲမှုကြောင့် ကနေဒါမြစ်တစ်စင်း လမ်းကြောင်းပြောင်း”

0
308

ကနေဒါနိုင်ငံ၊ ယူကွန်ဒေသမှာ ရေခဲတောင်အရည်ပျော်ကျမှုကြောင့် မြစ်တစ်စင်းရဲ့လမ်းကြောင်း လုံးဝပြောင်းလဲသွားကြောင်း သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

သဘာဝဘူမိသိပ္ပံဂျာနယ်မှာဖော်ပြခဲ့တဲ့ အဆိုပါသိပ္ပံပညာရှင်အဖွဲ့ရဲ့တွေ့ရှိချက်တွေအရ  ရာသီဥတုပြောင်းလဲမှုက အံ့အားသင့်စရာကောင်းလှတဲ့ဘူမိဗေဒဖြစ်စဉ်တွေကို ဖြစ်ပျက်စေနိုင်ကြောင်း သိရှိရပါတယ်။

လမ်းကြောင်းပြောင်းသွားတဲ့ ဆလင်းမ်မြစ်ဟာ ယခင်က ဘာရင်းပင်လယ်အတွင်းကို စီးဝင်ခဲ့ပေမယ့် ယခုအခါမှာ ကာစ်ကာဝူရှ် မြစ်အတွင်းကို ပြောင်းလဲစီးဆင်းနေတာဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်ကို (river piracy) လို့ ပညာရှင်တွေက အမည်ပေးထားပြီး ဖြစ်ပေါ်ဖို့အတွက် ရာစုနှစ်နဲ့ချီပြီး ကြာမြင့်တတ်ပါတယ်။

ဒါပေမဲ့အခုဖြစ်စဉ်မှာ ဆောင်းရာသီတစ်ခုအတွင်း ပြောင်းလဲသွားခဲ့တာ ကို သိပ္ပံပညာရှင်တွေက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အမေရိကန်တက္ကသိုလ်နဲ့ ကနေဒါတက္ကသိုလ်က သုတေသီစုစုပေါင်း ၇ဦးတို့က ဆလင်းမ်မြစ်ကို လေ့လာဖို့ စီ စဉ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ရောက်ရှိချိန်မှာ မြစ်ရေစီးဆင်းမှုက မရှိသလောက်ဖြစ်နေတာကို တွေ့ခဲ့ကြရပါတယ်။

ကြီး မားတဲ့ရေခဲတောင်ကြီးမှာ သေးငယ်တဲ့ရေစီးချောင်းတွေ ဖြစ်ပေါ်နေပြီး ရေကန်ငယ်လေးတွေထဲကို စီးဝင်နေတာကိုပဲ သူတို့တွေ့ ရှိခဲ့ရပါတယ်။

ရေခဲတောင်ရေကန်တွေက ဆလင်းမ်နဲ့ကာစ်ကာဝူရှ် မြစ်နှစ်စင်းထဲကို ရေဖြန့်ဝေနေတာပါတယ်။ အခု ရေကန်တစ်ခုက ရေတွေ ပုံမှန်အတိုင်းမစီးဆင်းဘဲ အခြားရေကန်အတွင်းကို ပြန်စီးဝင်သွားတာကြောင့် ဆလင်းမ်မြစ်မှာ ရေအရင်းအမြစ်မရှိတော့တဲ့အခြေ အနေဖြစ်လာခဲ့တာဖြစ်ပါတယ်။

မြစ်ရေစီးဆင်းမှုပြောင်းလဲသွားတာကြောင့် ရှုခင်းတစ်ခုလုံးအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုဖြစ်စေခဲ့ပါတယ်။ အနီးဝန်းကျင်က အခြားမြစ်တွေက အားကောင်းမောင်းသန်စီးဆင်းနေချိန်မှာ ရေမရှိတော့လို့ပေါ်လာတဲ့ ဆလင်းမ်မြစ်ကမ်းက သိုးတွေအတွက် စားကျက်ဖြစ်လာခဲ့ပါတယ်။ ငါးအရေအတွက်၊ တောရိုင်းသတ္တ၀ါနဲ့ ရေကန်ရဲ့ဓါတုဗေဒဖွဲ့စည်းပုံတွေအပေါ်မှာလည်း သက်ရောက် မှုတွေ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ကြောင်း လေ့လာမှုအရသိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)