ရွှေ့ပြောင်း ဒုက္ခသည် ၂၈ ဦးသေဆုံးနေတဲ့ သင်္ဘောကို လစ်ဗျားငါးဖမ်းသမားတွေတွေ့ရှိ

0
294

လစ်ဗျားနိုင်ငံက ငါးဖမ်းသမားတွေဟာ ဧပြီလ ၁၈ ရက်နေ့က သေဆုံးနေတဲ့ ရွှေ့ပြောင်းလုပ်သား ၂၈ ယောက်ရဲ့ ရုပ်အလောင်းတွေကို  ဆာဘရာသ မြို့ရဲ့   ကမ်းရိုးတန်းအနီးမှာတွေ့ရှိခဲ့တာဖြစ်တယ်လို့  ပြည်ထဲရေးဝန်ကြီး ဌာန က  ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၁ ခုနှစ် မွမ်မာဂရာဖီ ကျဆုံး သွားတည်းက  လစ်ဗျားနိုင်ငံကျဆင်းသွား တာ ဖြစ်ပြီး  မြောက်အာဖရိက နိုင်ငံကတွေကနေ ဥရောပကိုသွားလာတဲ့  ရွှေ့ပြောင်းလုပ်သားတွေ ရဲ့ အဓိက ပြောင်းရွှေ့မှု  အများဆုံးနေရာတစ်ခု ဖြစ်လာခဲ့ ပါ တယ်။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း နှစ်စဉ်နှစ်တိုင်း အီတလီနိုင်ငံ ကို ပင်လယ်ပြင်ကနေ ဖြတ်ကျော်ဝင်ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သား ဦးရေ ဟာ တစ်သိန်းခွဲနီးပါးရှိ နေခဲ့ ပါတယ်။

လက်ရှိသေဆုံးနေခဲ့တဲ့ ရွှေပြောင်းလုပ်သား ၂၈ ယောက်မှာ အမျိုးသမီး ၄ ယောက်ပါဝင်နေပြီး  သေဆုံးနေတဲ့ အလောင်း တွေကို မြေမြှပ် သဂြိုလ်ပေး ခဲ့ကြတာဖြစ်ပါတယ်။

တရားမ၀င် ၀င်ရောက် လာတဲ့ သင်္ဘောပေါ်က ရွှေပြောင်း ဒုက္ခသည်တွေဟာ အစာငတ်၊ရေငတ်ဖြစ်ပြီး  သေဆုံးခဲ့ကြတာဖြစ်နိုင်တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက ခန့်မှန်းပြော ဆိုထားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)