ဖိလစ်ပိုင်မှာ ဧရာမ အနက်ရောင် သစ်ပိုးကောင်ကြီး တွေ့ရှိ

0
332

ရှားပါးလှတဲ့ ငါးပေအရှည်ရှိတဲ့ အနက်ရောင်သစ်ပိုးကောင်ကြီးကို အသက်ရှင်လျက် ဖိလစ်ပိုင်နိုင်ငံမှာ ပထမဆုံးအကြိမ် သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ်။

အဆိုပါသစ်ပိုးကောင်ရဲ့ ဖွဲ့စည်းပုံအသေးစိတ်ကို အမေရိကန် သိပ္ပံဂျာနယ်မှာ ဖော်ပြခဲ့ပြီး အရှည် ၅ ပေနဲ့ အချင်းဝက် ၂.၃ လက်မရှိပါတယ်။
အဆိုပါ ဧရာမပိုးကောင်ကြီးတွေဟာ သစ်ပင်အတွင်းမှာ တစ်သက်လုံးနေထိုင် ရှင်သန်ပါတယ်။

ဦးခေါင်းကိုတော့ အစာစားဖို့အတွက် ရွှံ့မြေထဲကို မြှပ်ထားပါတယ်။ အဲဒီလိုဧရာမပိုးကောင်ကြီး တွေ့ရှိတာကို သိထားတာ နှစ်နဲ့ချီနေပေမယ့် တစ်ခါမှ အရှင်အတိုင်း ဖမ်းမမိခဲ့ပါဘူး။

အဲဒီဧရာမ ပိုးကောင်ကြီးတွေကို (kuphus polythamia)လို့ သိပ္ပံအမည်ပေးထားပြီး လူ့သမိုင်းတစ်လျှောက်မှာ ရှေးအကျဆုံး ပိုးကောင်တွေထဲမှာ လည်း ပါဝင်ပါတယ်။

ပြင်သစ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့က သိပ္ပံပညာရှင်တွေ စုပေါင်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ မကြားသေးခင်ကမှ ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုဒေသက ပင်လယ်အော်မှာ အဆိုပါသတ္တ၀ါ အရှင်ငါးကောင်ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ အရှင်အတိုင်းလေ့လာလိုတဲ့အတွက် ဒီပိုးကောင်ကြီးကို ပိုက်လုံးလိုဖြစ်နေတဲ့ သစ်သားအတွင်းကနေ ဂရုတစိုက် ခွဲထုတ်ယူခဲ့ရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)