ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဂိုးပေါင်း ၁၀၀ သွင်းနိုင်ခဲ့တဲ့ စီရော်နယ်ဒို

0
257

ဘိုင်ယန်မြူးနစ်အသင်းကို ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒို ဟာ ဧပြီလ ၁၈ ရက်နေ့က အနိုင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။


ဒီလို ကွာတားဖိုင်နယ်မှာ အနိုင်ရပြီးတဲ့နောက် စီရော်နယ်ဒိုကိုချန်ပီယံလိဂ် ကစားပွဲစဉ်တွေရဲ့ သမိုင်းတလျှောက်မှာ ဥရောပဂိုးပေါင်း ၁၀၀ ပြည့်အောင် သွင်းနိုင်ခဲ့တဲ့ ပထမဆုံးဂိုး အများဆုံး သွင်းနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်ုမြူးနစ် အသင်းကို ပထမပွဲစဉ်မှာ သွင်းဂိုး ၂-၁ ဂိုး၊ ဒုတိယပွဲစဉ်မှာ ၄-၂ ဂိုး စုစုပေါင်း ၆-၃ ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲကို တက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ဟက်ဒရစ်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ စီရော်နယ်ဒိုရဲ့ သွင်းဂိုးတွေဟာ လူကျွံဘောတွေ ဖြစ်နေခဲ့တယ်လို့လည်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပေမဲ့လည်း ရီးယဲမက်ဒရစ်အသင်းဟာ ပထမဆုံး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကစားပွဲကို ၇ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တော့မဲ့ အသင်းတစ် သင်းဖြစ်လာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)