အမေရိကန် လွှတ်တော်အမတ်နှစ်ဦး ခိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

0
172

အမေရိကန် လွှတ်တော် အမတ်နှစ်ဦးမှာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ လူနာကာယကံရှင်တွေက အသီးသီး ကြေညာခဲ့ကြပါတယ်။

အသက် ၅၈ နှစ်အရွယ် ရီပတ်ဘလီကန် အမတ် မာရီယို ဒိုင်းယက်ဇ်-ဘာလတ်က သူဟာ မတ်လ ၁၄ ရက်နေ့က စပြီး ဖျားနာ၊ ခေါင်းကိုက်ပြီး COIVD-19 လက္ခဏာတွေ ခံစားနေရကြောင်း၊ အခု တော်တော်လေး ပြန်သက်သာလာပြီးလို့ အားလုံးကို အသိပေးလိုကြောင်း မတ်လ ၁၈ ရက်နေ့က ပြောပါတယ်။ အမတ် ဒိုင်းယက်ဇ်-ဘာလတ်ဟာ COVID-19 ကူးစက်ခံရတဲ့ ပထမဆုံး အမေရိကန် လွှတ်တော် အမတ် ဖြစ်လာပါတယ်။


အမရေိကနြ လှှတတြောအြမတနြှဈဦး ခိုရိုနာဗိုငြးရပဈြ ကူးစကခြံရ

အမေရိကန် လွှတ်တော် အမတ်နှစ်ဦးမှာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ လူနာကာယကံရှင်တွေက အသီးသီး ကြေညာခဲ့ကြပါတယ်။

အသက် ၅၈ နှစ်အရွယ် ရီပတ်ဘလီကန် အမတ် မာရီယို ဒိုင်းယက်ဇ်-ဘာလတ်က သူဟာ မတ်လ ၁၄ ရက်နေ့က စပြီး ဖျားနာ၊ ခေါင်းကိုက်ပြီး COIVD-19 လက္ခဏာတွေ ခံစားနေရကြောင်း၊ အခု တော်တော်လေး ပြန်သက်သာလာပြီးလို့ အားလုံးကို အသိပေးလိုကြောင်း မတ်လ ၁၈ ရက်နေ့က ပြောပါတယ်။ အမတ် ဒိုင်းယက်ဇ်-ဘာလတ်ဟာ COVID-19 ကူးစက်ခံရတဲ့ ပထမဆုံး အမေရိကန် လွှတ်တော် အမတ် ဖြစ်လာပါတယ်။

မနေ့က နောက်ထပ် နာရီအနည်းငယ် အကြာမှာပဲ အသက် ၄၅ နှစ်အရွယ် ဒီမိုကရက်တစ် လွှတ်တော်အမတ် ဘင် မက်ခ်အဒမ်ကလည်း သူ့မှာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ကြေညာခဲ့ပါတယ်။ အမတ် အဒမ်ဟာ အခု တစ်ယောက်တည်း သီးခြား ခွဲနေရပါတယ်။ ဆီးနိတ် လွှတ်တော် အမတ် လင်းဆေး ဂရေဟမ်ဟာလည်း ခိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသူနဲ့ ထိတွေ့ဆက်ဆံခဲ့မိလို့ သီးခြားခွဲပြီး နေနေရပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)