ဗီယက်နမ်စစ်ပွဲကာလ အမေရိကန် ဓာတုအဆိပ်ရဲ့ ဆိုးကျိုးသက်ရောက်မှု အခုထိရှိဆဲ

0
275

ဗီယက်နမ် စစ်ပွဲအတွင်း အမေရိကန်စစ်တပ်က အသုံးပြုခဲ့တဲ့ ဓာတုအဆိပ် တစ်မျိုးဟာ ဗီယက်နမ် လူမျိုး တစ်သန်းနီးပါးအပေါ် အခုအချိန်အထိ ဆိုးကျိုးသက်ရောက်မှု ရှိနေပါတယ်။

Agent Orange လို့ခေါ်တဲ့ အဲဒီဓာတုအဆိပ်ဟာ အပင်တွေကို သေစေနိုင်တဲ့ အဆိပ်တစ်မျိုးဖြစ်ပြီး အဲဒီ အဆိပ်သင့်ဒဏ်ကို ခံစားရတဲ့လူတွေရဲ့ မျိုဆက် ကလေးတွေဟာ လူပုံပန်းမမှန်ဘဲ မွေးဖွားတာ၊ စိတ်ကစဥ့်ကလျား ဖြစ်တာနဲ့ အရေပြားရောဂါတွေ ဖြစ်လေ့ရှိပါတယ်။ ဆယ်စုနှစ်တချို့ ကြာခဲ့ပြီ ဖြစ်ပေမယ့် အဆိပ်ဒဏ် ခံခဲ့ရသူတွေရဲ့မျိုးဆက်တွေဟာ ပုံပန်းမမှန်ဘဲ မွေးဖွားနေဆဲဖြစ်ပြီး နောက်ဆက်တွဲ ရောဂါပေါင်းစုံကိုခံစားနေရဆဲဖြစ်ပါတယ်။

သနားစရာလည်း ကောင်း၊ ထိတ်လန့်စရာလည်း ကောင်းတဲ့ ပုံပန်းသွင်ပြင်နဲ့ မွေးဖွားလာတဲ့ ကလေးတွေကို မိဘအများစုက မွေးပြီးတာနဲ့ စွန့်ပစ်တတ်ကြပါတယ်။

၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအတွင်းမှာ သစ်တောတွေနဲ့ အပင်တွေကြား ခိုအောင်းတတ်တဲ့ ဗီယက်ကောင်း တပ်သားတွေကို တိုက်ဖို့အတွက် ရည်ရွယ်ပြီး Agent Orange လို့ခေါ်တဲ့ အဆိပ်ရည် ဂါလံ သန်း ၂၀၀ နီးပါးကို အမေရိကန်လေတပ်က ဗီယက်နမ်နိုင်ငံ အနှံ့က တောအုပ်တွေမှာ ကြဲချခဲ့တာ ဖြစ်ပါတယ်။

အဲဒီအဆိပ်ရည်ရဲ့ဒဏ်ကို ဗီယက်နမ် စစ်သားတွေ သာမကဘဲ အမေရိကန် စစ်သားတွေလည်း ခံခဲ့ရပါတယ်။

အခုချိန်မှာ အဲဒီ Agent Orange လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးကြောင့် ပုံပန်းမမှန်ဘဲ မွေးဖွားလာတဲ့ ဗီယက်နမ် နိုင်ငံအနှံ့က ကလေးငယ်တွေကို တူဒူ လို့ခေါ်တဲ့ ဆေးရုံတစ်ရုံက တာဝန်ယူ စောင့်ရှောက်
ပေးနေပါတယ်။ တူဒူဆေးရုံမှာ ငြိမ်းချမ်းရေးကျေးရွာလို့ ခေါ်တဲ့ နေရာတစ်ခုကို ထူထောင်ပြီး မိဘတွေက စွန့်ပစ်သွားတဲ့ အဲဒီ ကလေးငယ်တွေကို ကူညီစောင့်ရှောက်ပေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)