Covid-19 ဗိုင်းရပ်စ်ရောဂါ နောက်ဆုံးရ သတင်းများ (ဖေဖော်ဝါရီလ ၁၉)

0
206

-Covid-19 ဗိုင်းရပ်စ် ရောဂါကြောင့် ကူးစက်သူ ၆၂ ဦး ရှိတဲ့ ဟောင်ကောင်မှာ ဒုတိယမြောက် လူနာတစ်ဦး သေဆုံးသွားပါတယ်။ ကျန်းမာရေး မကောင်းတဲ့ အသက် ၇၀ အရွယ် အဖိုးအိုဟာ ဇန်နဝါရီလအတွင်းက တရုတ်ပြည်မကြီးကို ခရီးသွားခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရကာ ဒီနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်မှာ သေဆုံးသွားတာပါ။

-ဂျပန်နိုင်ငံ၊ ယိုကိုဟားမား ဆိပ်ကမ်းမှာ နှစ်ပတ်ကြာ ဆိုက်ကပ်ထားပြီး ဗိုင်းရပ်စ်ကူးစက်သူတွေ ရှိနေတဲ့ အပျော်စီး ဇိမ်ခံသင်္ဘော ဒိုင်းမွန်း ပရင့်ဆက်စ်ပေါ်ကနေ ကျန်းမာတဲ့ ခရီးသည်တွေ စတင် ထွက်ခွာနေကြပါတယ်။ သင်္ဘောပေါ်က ဗိုင်းရပ်စ် ကူးစက်နေတဲ့ ခရီးသည်နဲ့ အမှုထမ်း ၅၄၀ ဦးကို ဘယ်လို ဆက်လုပ်မလဲဆိုတာ မသိသေးပါဘူး။ သူတို့ကို သီးခြား ခွဲထားရုံနဲ့ မလုံလောက်ဘူးလို့ ဂျပန် ကျန်းမာရေး ပါရဂူတွေက ပြောပါတယ်။

-တရုတ်အာဏာပိုင်တွေက ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကို တင်းကြပ်မှု ပိုမို လုပ်ဆောင်လာနေပြီး ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ပါတယ်။
-Covid-19 ဗိုင်းရပ်စ် ရောဂါ စတင်ဖြစ်ပွားတဲ့ ဝူဟန်မြို့ရှိ ဆေးရုံတစ်ရုံမှာ ဝါရင့် သူနာပြုတစ်ဦး ဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။

  • တောင်ကိုရီးယားမှာ Covid-19 ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသူ ၁၅ ဦး ရှိပြီး ၁၀ ဦးက ဒေဂူးရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းရဲ့ ပတ်ဝန်းကျင်က ဖြစ်ပါတယ်။
    -ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်ကျောင်းသားတွေကို ပြည်ဝင်ခွင့် ပိတ်ထားတဲ့အတွက် သြစတြေးလျ တက္ကသိုလ်တွေမှာ အချိန်ပိုင်း ဆရာတွေဟာ သင်စရာ ကျောင်းသားမရှိရင် လုပ်ခလစာ မရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျောင်းသား ဦးရေကို လိုက်ပြီး အတည်ဖြစ်မှ သင်ကြားမယ့် ဆရာကို ငှားရမ်းတာဖြစ်လို့ အခုလို အလုပ်လက်မဲ့ အခြေအနေ ကြုံရမှာ ဖြစ်ပါတယ်။

-အဝင်အထွက် ပိတ်ပင်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အပြင်ထွက် သွားလာသူတွေကို အပြစ်ပေးမယ်လို့ တရုတ်အစိုးရ သတင်းဌာနက ပြောပါတယ်။ အပြစ်ပေးခံရသူတွေဟာ သေချာ စီမံထားတဲ့ နေရာကို ပို့ဆောင်ခံရမှာ ဖြစ်ပြီး အစိုးရက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို ရွတ်ဖတ်ရ၊ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

-ဂျပန်နိုင်ငံ၊ ကျိုဒို သတင်းဌာနက ဝန်ထမ်း ၁၀ ဦးဟာ ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလ အစောပိုင်းက ကားတစ်စီးနဲ့ ယာဉ်မောင်းကို ငှားရမ်းအသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ ယာဉ်မောင်းဟာ Covid-19 ဗိုင်းရပ်စ် ရောဂါ ဖြစ်နေလို့ သတင်းဌာန ဝန်ထမ်း ၁၀ ဦးစလုံး အိမ်မှာ ပြန်နေကာ သီးခြားစောင့်ကြည့်နေရပါတယ်။

ယာဉမြောငြးနဲ့ တှေ့ခဲ့တာကနေ ရတှကေရြငြ ၁၄ ရကပြှည့ပြှီးတဲ့သူ ခုနဈဦးကတော့ ရောဂါကူးစကမြှု လကျခဏာ မပှတဲ့အတှကြ မကှာခငြ အလုပပြှနဆြငြးတော့မှာ ဖှဈပါတယြ။ ကနွြ သုံးဦးကို ဆကလြကြ စောင့ကြှည့နြပေါတယြ။ သတငြးဌာန ဝနထြမြးတှကေ သတငြးထောကတြှလေား ဆိုတာကိုတော့ ကွိုဒိုသတငြးဌာနက ဖှကှေားခှငြး မရှိပါဘူး။

Covid-19 ဗိုငျးရပျဈရောဂါ နောကျဆုံးရ သတငျးမြား (ဖဖေောျဝါရီလ ၁၉)

-Covid-19 ဗိုင်းရပ်စ် ရောဂါကြောင့် ကူးစက်သူ ၆၂ ဦး ရှိတဲ့ ဟောင်ကောင်မှာ ဒုတိယမြောက် လူနာတစ်ဦး သေဆုံးသွားပါတယ်။ ကျန်းမာရေး မကောင်းတဲ့ အသက် ၇၀ အရွယ် အဖိုးအိုဟာ ဇန်နဝါရီလအတွင်းက တရုတ်ပြည်မကြီးကို ခရီးသွားခဲ့ပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရကာ ဒီနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်မှာ သေဆုံးသွားတာပါ။

-ဂျပန်နိုင်ငံ၊ ယိုကိုဟားမား ဆိပ်ကမ်းမှာ နှစ်ပတ်ကြာ ဆိုက်ကပ်ထားပြီး ဗိုင်းရပ်စ်ကူးစက်သူတွေ ရှိနေတဲ့ အပျော်စီး ဇိမ်ခံသင်္ဘော ဒိုင်းမွန်း ပရင့်ဆက်စ်ပေါ်ကနေ ကျန်းမာတဲ့ ခရီးသည်တွေ စတင် ထွက်ခွာနေကြပါတယ်။ သင်္ဘောပေါ်က ဗိုင်းရပ်စ် ကူးစက်နေတဲ့ ခရီးသည်နဲ့ အမှုထမ်း ၅၄၀ ဦးကို ဘယ်လို ဆက်လုပ်မလဲဆိုတာ မသိသေးပါဘူး။ သူတို့ကို သီးခြား ခွဲထားရုံနဲ့ မလုံလောက်ဘူးလို့ ဂျပန် ကျန်းမာရေး ပါရဂူတွေက ပြောပါတယ်။

-တရုတ်အာဏာပိုင်တွေက ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကို တင်းကြပ်မှု ပိုမို လုပ်ဆောင်လာနေပြီး ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ပါတယ်။

-Covid-19 ဗိုင်းရပ်စ် ရောဂါ စတင်ဖြစ်ပွားတဲ့ ဝူဟန်မြို့ရှိ ဆေးရုံတစ်ရုံမှာ ဝါရင့် သူနာပြုတစ်ဦး ဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။

– တောင်ကိုရီးယားမှာ Covid-19 ဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသူ ၁၅ ဦး ရှိပြီး ၁၀ ဦးက ဒေဂူးရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းရဲ့ ပတ်ဝန်းကျင်က ဖြစ်ပါတယ်။

-ဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်ကျောင်းသားတွေကို ပြည်ဝင်ခွင့် ပိတ်ထားတဲ့အတွက် သြစတြေးလျ တက္ကသိုလ်တွေမှာ အချိန်ပိုင်း ဆရာတွေဟာ သင်စရာ ကျောင်းသားမရှိရင် လုပ်ခလစာ မရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျောင်းသား ဦးရေကို လိုက်ပြီး အတည်ဖြစ်မှ သင်ကြားမယ့် ဆရာကို ငှားရမ်းတာဖြစ်လို့ အခုလို အလုပ်လက်မဲ့ အခြေအနေ ကြုံရမှာ ဖြစ်ပါတယ်။

-အဝင်အထွက် ပိတ်ပင်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အပြင်ထွက် သွားလာသူတွေကို အပြစ်ပေးမယ်လို့ တရုတ်အစိုးရ သတင်းဌာနက ပြောပါတယ်။ အပြစ်ပေးခံရသူတွေဟာ သေချာ စီမံထားတဲ့ နေရာကို ပို့ဆောင်ခံရမှာ ဖြစ်ပြီး အစိုးရက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို ရွတ်ဖတ်ရ၊ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

-ဂျပန်နိုင်ငံ၊ ကျိုဒို သတင်းဌာနက ဝန်ထမ်း ၁၀ ဦးဟာ ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလ အစောပိုင်းက ကားတစ်စီးနဲ့ ယာဉ်မောင်းကို ငှားရမ်းအသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ ယာဉ်မောင်းဟာ Covid-19 ဗိုင်းရပ်စ် ရောဂါ ဖြစ်နေလို့ သတင်းဌာန ဝန်ထမ်း ၁၀ ဦးစလုံး အိမ်မှာ ပြန်နေကာ သီးခြားစောင့်ကြည့်နေရပါတယ်။

ယာဉ်မောင်းနဲ့ တွေ့ခဲ့တာကနေ ရေတွက်ရင် ၁၄ ရက်ပြည့်ပြီးတဲ့သူ ခုနစ်ဦးကတော့ ရောဂါကူးစက်မှု လက္ခဏာ မပြတဲ့အတွက် မကြာခင် အလုပ်ပြန်ဆင်းတော့မှာ ဖြစ်ပါတယ်။ ကျန် သုံးဦးကို ဆက်လက် စောင့်ကြည့်နေပါတယ်။ သတင်းဌာန ဝန်ထမ်းတွေက သတင်းထောက်တွေလား ဆိုတာကိုတော့ ကျိုဒိုသတင်းဌာနက ဖြေကြားခြင်း မရှိပါဘူး။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)