Covid-19ဗိုင်းရပ်စ်ကြောင့် ဂျပန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အားကစားပွဲ ဖျက်သိမ်း

0
148

Corona ဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဉာဏ်ရည်ဆိုင်ရာ မသန်စွမ်းသူ အားကစားသမားတွေရဲ့ ဂျပန့်တံခွန်စိုက် အားကစား ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။ Special Olympics Nippon National Winter Games Hokkaido 2020 လို့ အမည်ပေးထားတဲ့ ဒီအားကစားပွဲကို ဂျပန်နိုင်ငံ မြောက်ပိုင်းက ဟော့ကိုင်းဒိုးမှာ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကျရင် စတင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အနှံ့အပြားမှာ Corona ဗိုင်းရပ်စ်ကူးစက်မှု သတင်းတွေ ပေါ်ထွက်လာနေတဲ့ အချိန်မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေ၊ အများသုံး သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေနဲ့ ဂျပန်နိုင်ငံ တစ်လွှားကနေ လာရောက်ကြမယ့် တခြားသူတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံဖို့ ခက်ခဲတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။


Covid-19 ဗိုငြးရပဈြကှောင့ြ ဂပွနမြှာ ပှုလုပဖြို့ စီစဉထြားတဲ့ အားကစားပှဲ ဖကွသြိမြး

Corona ဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဉာဏ်ရည်ဆိုင်ရာ မသန်စွမ်းသူ အားကစားသမားတွေရဲ့ ဂျပန့်တံခွန်စိုက် အားကစား ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပါတယ်။ Special Olympics Nippon National Winter Games Hokkaido 2020 လို့ အမည်ပေးထားတဲ့ ဒီအားကစားပွဲကို ဂျပန်နိုင်ငံ မြောက်ပိုင်းက ဟော့ကိုင်းဒိုးမှာ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကျရင် စတင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အနှံ့အပြားမှာ Corona ဗိုင်းရပ်စ်ကူးစက်မှု သတင်းတွေ ပေါ်ထွက်လာနေတဲ့ အချိန်မျိုးမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေ၊ အများသုံး သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေနဲ့ ဂျပန်နိုင်ငံ တစ်လွှားကနေ လာရောက်ကြမယ့် တခြားသူတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံဖို့ ခက်ခဲတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

လေးနှစ်တစ်ကြိမ် ကျင်းပနေတဲ့ ဒီတံခွန်စိုက်ပြိုင်ပွဲကို ဟော့ကိုင်းဒိုးခရိုင်က ပထမဦးဆုံးအဖြစ် လက်ခံကျင်းပဖို့ ရှိခဲ့တာပါ။ အားကစားသမား ၆၅၀ လောက် ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဟော့ကိုင်းဒိုးမှာ ဒုတိယမြောက် ရောဂါပိုး ကူးစက်ခံရသူ ထွက်ပေါ်လာခဲ့တဲ့နောက် မလွှဲမရှောင်သာ ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်ကို ချခဲ့ရတယ်လို့ ပွဲစီစဉ်သူ အရာရှိတွေက ဆိုပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)