ဂျာမန်အကျဉ်းသားကို အီရန် ပြန်လွှတ်ပေး

0
145

အကျဉ်းသား အပြန်အလှန်လဲလှယ်မှု အစီအစဉ်အရ အီရန်နိုင်ငံဟာ ဖမ်းဆီးထားတဲ့ ဂျာမနီနိုင်ငံသားကို ပြန်လွှတ်ပေးခဲ့တယ်လို့ အီရန်အာဏာပိုင်တွေက ပြောပါတယ်။ 

ဂျာမနီနိုင်ငံသားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဂျာမနီနိုင်ငံက ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေန့မှာ အီရန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ အဲဒီ ဂျာမနီနိုင်ငံသားဟာ ခွင့်ပြုချက်မပြုတဲ့ နေရာက ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်တွေ ရိုက်ကူးခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရပါတယ်။ 


ဂွာမနအြကဉွြးသားကို အီရနြ ပှနလြှှတပြေး

အကျဉ်းသား အပြန်အလှန်လဲလှယ်မှု အစီအစဉ်အရ အီရန်နိုင်ငံဟာ ဖမ်းဆီးထားတဲ့ ဂျာမနီနိုင်ငံသားကို ပြန်လွှတ်ပေးခဲ့တယ်လို့ အီရန်အာဏာပိုင်တွေက ပြောပါတယ်။

ဂျာမနီနိုင်ငံသားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဂျာမနီနိုင်ငံက ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေန့မှာ အီရန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ အဲဒီ ဂျာမနီနိုင်ငံသားဟာ ခွင့်ပြုချက်မပြုတဲ့ နေရာက ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်တွေ ရိုက်ကူးခဲ့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရပါတယ်။

အီရန်အစိုးရက ပြန်လွှတ်ပေးလိုက်တဲ့ ဂျာမနီနိုင်ငံသားအမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ အပြန်အလှန် အနေနနဲ့ ဂျာမနီနိုင်ငံက ဖမ်းဆီးထားတဲ့ အီရန်နိုင်ငံသား အာမက်ခါလီလီကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အီရန်နိုင်ငံအပေါ် ချမှတ်တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိကာ အီရန် နို်င်ငံသားကို ဂျာမနီက ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)