
0
895






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

IS အဖွဲ့ ဝင်ဖို့ကြိုးပမ်းသူကို သေဒဏ်အပြစ်ပေး

အီရတ်တရားရုံးဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တူရကီအမျိုးသမီးတစ်ဦးကို သေဒဏ်အပြစ်ပေးလိုက်တယ်လို့ သိပါတယ်။
တူရကီအမျိုးသမီး ဟာ IS အစွန်းရောက်အဖွဲ့ကိုဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် အခုလိုမျိုးသေဒဏ်အပြစ်ပေးခံရတာဖြစ်တယ်လို့ အီရတ် ဘဂ္ဂဒက် မြို့တရားရုံး တာဝန်ရှိသူကပြောပါတယ်။
ဒါအပြင် အခြားအမျိုးသမီး ၁၀ ဦးကိုလည်း တစ်သက်တစ်ကျွန်းထောင်ဒဏ် အပြစ်ပေးမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ အမျိုးသမီးတစ်တွေ ဟာ အစွန်းရောက်အဖွဲ့ဝင်တွေ ဖြစ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ပြစ်ဒဏ်ပေးခဲ့တာဖြစ်တယ်လို့ အီရတ်တရားသူကြီး အယ်ဘီဒါ ကပြောခဲ့ပါတယ်။
အီရတ်နိုင်ငံ ဟာလက်ရှိအချိန်မှာ IS အစွန်းရောက်သိမ်းပိုက်ထားမှုကနေ လွတ်မြောက်ခဲ့ပြီး သိမ်းပိုက်ခံရတဲ့နယ်မြေတွေကို ပြန်ရရှိထားတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)