
0
949





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖရီးဂတ်ရေယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင် လွတ်တော်အမတ်တွေ စုံစမ်းစစ်ဆေး

ဖိလစ်ပိုင် လွတ်တော်အမတ်တွေ ဟာ အမေ ရိကန်ဒေါ်လာ ၃၀ဝ သန်းတန်ဖိုးရှိ ရေတပ်သုံးဖရီးဂတ် ရေယာဉ်ဝယ်ယူမှုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဖိလစ်ပိုင် မီဒီယာတွေကဖော်ပြပါတယ်။
အဲဒီ ရေယာဉ်တွေ ဝယ်ယူမှုမှာ ဖိလစ်ပိုင် သမ္မတ ဒူတာတေးရဲ့အနီးစပ်ဆုံး တာဝန်ရှိသူရှိ ကကြားဝင်စွက်ဖက်မှုရှိမရှိကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတရဲ့လက်ထောက်တစ်ဦးဖြစ်သူ ခရစ်တိုဖာဘွန် ဟာ တောင်ကိုရီးယား ဟွန်ဒိုင်း ကုမ္ပဏီ ဆီကနေ ဖရီးဂတ်ရေယာဉ်တွေ ဝယ်ယူချိန်မှာ လုပ်ထုံးလုပ်နည်း တွေကို ကျော်ပြီး ကြားဝင်စွက်ဖက်တာတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်စုံစမ်းမှုလုပ်ခဲ့တာဖြစ်ပါတယ်။
ခရစ်တိုဖာဘွန် ကတော့ ကြားဝင်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန် ထားပါတယ်။ ခရစ်တိုဖာဘွန် ဟာ ဟွန်ဒိုင်းကုမ္ပဏီဆီကနေ ဖရီးဂတ်ရေယာဉ်တွေ ဝယ်ယူဖို့ တွန်အားပေးခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)