ဟာဇက္အတြက္  ခ်ဲလ္ဆီး မန္စီးတီးတုိက္စစ္မႉး အဂူ႐ိုကို ျပန္ရလုိ

0
850

မန္စီးတီး အသင္းအေနနဲ႕ ခ်ဲလ္ဆီးအသင္းမွာ လက္ရွိေျခစြမ္းျပ ကစားေနတဲ႔ အဓိက ကစားသမား အီဒင္ဟာဇက္ကို ေခၚယူလိုပါက ခ်ဲလ္ဆီးအသင္းကလည္း မန္စီးတီးအသင္းရဲ႕ တိုက္စစ္မႉး အဂူ႐ိုကို ျပန္လည္ ေတာင္းဆို လာဖြယ္ရွိတယ္လို႔  ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ ဇယားထိပ္ဆံုးမွာ ရပ္တည္ေနတဲ့ မန္ စီးတီးအသင္းဟာ ၿပီးခဲ႔တဲ့ ေႏြရာသီ ကာလက အီဒင္ဟာဇက္ကို ၿဗိတိန္စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၁၅၀ နဲ႔ ကမ္းလွမ္းထားၿပီး အဆိုပါ ကစားသမားကို ေခၚယူဖို႔ စပိန္ထိပ္သီး အသင္းတစ္သင္းျဖစ္တဲ႔ ရီးရဲလ္မက္ဒရစ္ အသင္းကလည္း အၿပိဳင္ ႀကိဳးပမ္းေနတယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္း တာဝန္ရွိသူေတြက ဟာဆက္ကို အသင္းမွာသာ ဆက္ရွိေနေစခ်င္တယ္လို႔ သိရၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔  ႀကိဳးစားေနၾကတယ္ပါတယ္။  အဲဒီ ကစားသမား ၂ ဦးလံုးဟာ အသင္းနဲ႔အတူ စာခ်ဳပ္ သက္တမ္း ၂ ႏွစ္က်န္ရွိေနၿပီး အဂူ႐ိုကေတာ့ မန္စီးတီးအသင္းက ထြက္ခဲ့မယ္ဆုိရင္  ငယ္စဥ္ကတည္းက ဆႏၵတစ္ခုျဖစ္တဲ႔ အာဂ်င္တီးနား ကလပ္မွာသာ အေျခခ် ကစားသြားမွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ႔ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟာဇက်အတွက် ချဲလ်ဆီး မန်စီးတီးတိုက်စစ်မှူး အဂူရိုကို ပြန်ရလို

မန်စီးတီး အသင်းအနေနဲ့ ချဲလ်ဆီးအသင်းမှာ လက်ရှိခြေစွမ်းပြ ကစားနေတဲ့ အဓိက ကစားသမား အီဒင်ဟာဇက်ကို ခေါ်ယူလိုပါက ချဲလ်ဆီးအသင်းကလည်း မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အဂူရိုကို ပြန်လည် တောင်းဆို လာဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ မန် စီးတီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ကာလက အီဒင်ဟာဇက်ကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ နဲ့ ကမ်းလှမ်းထားပြီး အဆိုပါ ကစားသမားကို ခေါ်ယူဖို့ စပိန်ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကလည်း အပြိုင် ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေက ဟာဆက်ကို အသင်းမှာသာ ဆက်ရှိနေစေချင်တယ်လို့ သိရပြီး စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေကြတယ်ပါတယ်။ အဲဒီ ကစားသမား ၂ ဦးလုံးဟာ အသင်းနဲ့အတူ စာချုပ် သက်တမ်း ၂ နှစ်ကျန်ရှိနေပြီး အဂူရိုကတော့ မန်စီးတီးအသင်းက ထွက်ခဲ့မယ်ဆိုရင် ငယ်စဉ်ကတည်းက ဆန္ဒတစ်ခုဖြစ်တဲ့ အာဂျင်တီးနား ကလပ်မှာသာ အခြေချ ကစားသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)