႐ုရွားေႏွာင့္ယွက္မႈ ေအာင္ျမင္တယ္လို႔ အေမရိကန္ သမၼတေျပာ

0
914

အေမရိကန္ရဲ႕ ၂၀၁၆ သမၼတ ေရြးေကာက္ပြဲကို ႐ုရွားက ၾကားဝင္ေႏွာင့္ယွက္တာနဲ႔ ပတ္သက္ၿပီး လအေတာ္ၾကာ အခ်ိန္ယူ စံုစမ္းစစ္ေဆးၿပီးေနာက္ အေမရိကန္ ႏုိင္ငံေရးေလာကကို ႐ုရွားရဲ႕ အေႏွာင့္အယွက္ ေပးမႈဟာ ေအာင္ျမင္ခဲ့တယ္လုိ႔ အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ေျပာပါတယ္။

႐ုရွားက အေမရိကန္ႏိုင္ငံတြင္း ပဋိပကၡေတြ၊ အျငင္းပြြားမႈေတြနဲ႔ ပရမ္းပတာျဖစ္ေအာင္ လုပ္ဖုိ႔ ရည္ရြယ္ခဲ့တယ္ဆိုရင္ အခု အေမရိကန္ ျပည္ေထာင္စုထဲမွာ ေကာ္မတီၾကားနာမႈေတြ၊ စံုစမ္းစစ္ေဆးမႈေတြ၊ ရီပတ္ဘလီကင္ပါတီမွာ အမုန္းတရားေတြ ျဖစ္လာေနတယ္လို႔ သမၼတ ထရမ့္က ယံုၾကည္ေနပါတယ္။   

႐ုရွားရဲ႕ ေႏွာင့္ယွက္မႈေတြက ထင္တာထက္ေတာင္ ပိုေအာင္ျမင္ေနတာမို႔ ဥာဏ္သံုးၾကရမယ္လို႔ သမၼတ ထရမ့္က တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ႐ုရွားက ၾကားဝင္ေႏွာင့္ယွက္မႈ မရွိဘူးလုိ႔ မေျပာခဲ့ေၾကာင္းနဲ႔ ႐ုရွားျဖစ္ႏိုင္သလို တ႐ုတ္ ဒါမွမဟုတ္ တျခားႏိုင္ငံ ဒါမွမဟုတ္ တျခားအဖြဲ႔စည္းတခုခု ဒါမွမဟုတ္ ကြန္ပဴ်တာနဲ႔ တျခားလူတစ္ဦးက လုပ္တာ ျဖစ္ႏုိ္င္တယ္လို႔ သမၼတ ထရမ့္က ဆုိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားနှောင့်ယှက်မှု အောင်မြင်တယ်လို့ အမေရိကန် သမ္မတပြော

အမေရိကန်ရဲ့ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲကို ရုရှားက ကြားဝင်နှောင့်ယှက်တာနဲ့ ပတ်သက်ပြီး လအတော်ကြာ အချိန်ယူ စုံစမ်းစစ်ဆေးပြီးနောက် အမေရိကန် နိုင်ငံရေးလောကကို ရုရှားရဲ့ အနှောင့်အယှက် ပေးမှုဟာ အောင်မြင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

ရုရှားက အမေရိကန်နိုင်ငံတွင်း ပဋိပက္ခတွေ၊ အငြင်းပွားမှုတွေနဲ့ ပရမ်းပတာဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုရင် အခု အမေရိကန် ပြည်ထောင်စုထဲမှာ ကော်မတီကြားနာမှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေ၊ ရီပတ်ဘလီကင်ပါတီမှာ အမုန်းတရားတွေ ဖြစ်လာနေတယ်လို့ သမ္မတ ထရမ့်က ယုံကြည်နေပါတယ်။

ရုရှားရဲ့ နှောင့်ယှက်မှုတွေက ထင်တာထက်တောင် ပိုအောင်မြင်နေတာမို့ ဉာဏ်သုံးကြရမယ်လို့ သမ္မတ ထရမ့်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ရုရှားက ကြားဝင်နှောင့်ယှက်မှု မရှိဘူးလို့ မပြောခဲ့ကြောင်းနဲ့ ရုရှားဖြစ်နိုင်သလို တရုတ် ဒါမှမဟုတ် တခြားနိုင်ငံ ဒါမှမဟုတ် တခြားအဖွဲ့စည်းတခုခု ဒါမှမဟုတ် ကွန်ပျူတာနဲ့ တခြားလူတစ်ဦးက လုပ်တာ ဖြစ်နိ်ုင်တယ်လို့ သမ္မတ ထရမ့်က ဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)