ႏိုင္ဂ်ီးရီးယား ငါးေစ်းမွာ အေသခံဗံုးခြဲမႈ ၁၈ ဦးေသ

0
883

ႏိုင္ဂ်ီးရီယားႏုိင္ငံမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက အေသခံဗံုးခြဲ တုိက္ခိုက္မႈျဖစ္ခဲ့လို႔ လူေပါင္း ၁၈ ဦး ေသဆံုးသြားခဲ့ပါတယ္။

အေသခံဗံုးခြဲ တုိက္ခိုက္သူ ၃ ဦးက ႏုိင္ဂ်ီးရီးယား အေရွ႕ေျမာက္ပိုင္း ခြန္ဒူဂါၿမိဳ႕ ငါးေစ်းမွာ တုိက္ခုိက္ခဲ့တာ ျဖစ္တယ္လို႔ လံုၿခံဳေရးတပ္ဖြဲ႔က ေျပာပါတယ္။ အဲဒီ ဗံုးခြဲတုိက္ခိုက္မႈအတြက္ ဘုိကိုဟာရမ္ စစ္ေသြးၾကြအဖြဲ႔ကုိ ျပစ္တင္ ျပာဆုိထားေပမယ့္ အဲဒီအဖြဲ႔က သူတို႔လက္ခ်က္လို႔ ဝန္ခံမႈ မရွိေသးပါဘူး။

ဘုိကိုဟာရမ္ စစ္ေသြးၾကြအဖြဲ႔ဟာ ၂၀၀၉ ခုႏွစ္ ေနာက္ပုိင္းမွာ အစၥလာမ္  ျပည္နယ္ တည္ေထာင္ၿပီးေနာက္ အၾကမ္းဖက္ တိုက္ခိုက္မႈေတြ လုပ္ခဲ့ရာ လူ ၂ သန္းေက်ာ္ ေဘးဒုကၡ ေရာက္ခဲ့ၿပီး လူ ၂ ေသာင္းေက်ာ္ ေသဆံုးခဲ့ရပါတယ္။

အေသခံ ဗံုးခြဲတုိက္ခိုက္ခဲ့သူ ၂ ဦးဟာ ငါးေစ်းထဲမွာ တုိက္ခုိက္ခဲ့သလို အျခားတစ္ဦးက ငါးေစ်းနားမွာ တုိက္ခုိက္ခဲ့တာျဖစ္တယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။ တုိက္ခိုက္မႈေၾကာင့္ လူေပါင္း ၅၀ ေက်ာ္လည္း ဒဏ္ရာ ရရွိသြားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ဂျီးရီးယား ငါးဈေးမှာ အသေခံဗုံးခွဲမှု ၁၈ ဦးသေ
နိုင်ဂျီးရီယားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အသေခံဗုံးခွဲ တိုက်ခိုက်မှုဖြစ်ခဲ့လို့ လူပေါင်း ၁၈ ဦး သေဆုံးသွားခဲ့ပါတယ်။

အသေခံဗုံးခွဲ တိုက်ခိုက်သူ ၃ ဦးက နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း ခွန်ဒူဂါမြို့ ငါးဈေးမှာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ ဗုံးခွဲတိုက်ခိုက်မှုအတွက် ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ကို ပြစ်တင် ပြာဆိုထားပေမယ့် အဲဒီအဖွဲ့က သူတို့လက်ချက်လို့ ဝန်ခံမှု မရှိသေးပါဘူး။

ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ဟာ ၂၀ဝ၉ ခုနှစ် နောက်ပိုင်းမှာ အစ္စလာမ် ပြည်နယ် တည်ထောင်ပြီးနောက် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ခဲ့ရာ လူ ၂ သန်းကျော် ဘေးဒုက္ခ ရောက်ခဲ့ပြီး လူ ၂ သောင်းကျော် သေဆုံးခဲ့ရပါတယ်။ အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သူ ၂ ဦးဟာ ငါးဈေးထဲမှာ တိုက်ခိုက်ခဲ့သလို အခြားတစ်ဦးက ငါးဈေးနားမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀ ကျော်လည်း ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)