
0
833




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားဘုရားကျောင်း ပစ်ခတ်မှု ၅ ဦးသေ

ရုရှားနိုင်ငံရှိ ဘုရားကျောင်းတစ်ခုမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်ဆုံး ၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း ရှိခဲ့ပါတယ်။

ရုရှားနိုင်ငံ၊ ဒါဂက်စတန် ဒေသ၊ ကိုင်ဇလာမြို့ရှိ ဘုရားကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒါဂက်စတန် မြို့တော်ဝန် အလက်ဇန်းဒါး ရှူးဗားလော့ဗ်က ပြောပါတယ်။ ပစ်ခတ်မှုကြောင့် ၄ ဦး သေဆုံးခဲ့သလို သေနတ်ပစ်ခတ်ခဲ့သူလည်း သေဆုံးသွားခဲ့ပါတယ်။

ရဲအရာရှိနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ သေနတ်သမားဟာ အမဲလိုက် ရိုင်ဖယ် သေနတ်နဲ့ လူအုပ်အတွင်းကို ပစ်ခတ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၄ ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)