ဖိလစ္ပိုင္ အိမ္အကူ အမ်ားအျပား ကူဝိတ္ကေန ေနရပ္ျပန္

0
285

ကူဝိတ္ႏုိ္င္ငံမွာ ဖိလစ္ပိုင္ အိမ္အကူ အလုပ္သမားတဦး အသတ္ခံရၿပီးတဲ့ေနာက္ အိမ္အကူ လုပ္သား အမ်ားအျပားဟာ ဖိလစ္ပိုင္ႏုိင္ငံကို ျပန္လာခဲ့ၾကပါတယ္။

ဖိလစ္ပိုင္ အိမ္အကူအလုပ္သမ ဂ်ိဳအန္နာ ဒီမာဖိလစ္ရဲ႕ အသက္မဲ့ ခႏၶာကိုယ္ကို သားငါး အစားအေသာက္ေတြ တာရွည္ခံေအာင္ အေအးခံတဲ့ ေရခဲေသတၱာထဲမွာ ေတြ႔ခဲ့ၿပီးတဲ့ေနာက္ ကူဝိတ္က အိမ္အကူ လုပ္သားေတြရဲ႕ အေျခအေနအေပၚ အထူး အာ႐ံုစိုက္လာၾကတာပါ။

ကူဝိတ္မွာ အလုပ္လုပ္ေနတဲ့ ဖိလစ္ပိုင္ႏုိင္္ငံသား ၂ သိန္းခြဲေက်ာ္ရွိၿပီး အမ်ားအျပားက အိမ္အကူေတြအျဖစ္ လုပ္ကိုင္ေန ၾကတာျဖစ္ပါတယ္။ ႏွိပ္စက္ခံရတာနဲ႔ မတရား လုပ္ခံရတဲ့သတင္းေတြ ထြက္ေပၚေနၿပီးေနာက္ ဖိလစ္ပိုင္အစိုးရက ကူဝိတ္မွာ သက္တမ္းေက်ာ္ ေနထုိင္ေနတဲ့ အလုပ္သမားေတြကို ျပန္ေခၚဖို႔ စီစဥ္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် အိမ်အကူ အများအပြား ကူဝိတ်ကနေ နေရပ်ပြန်

ကူဝိတ်နိ်ုင်ငံမှာ ဖိလစ်ပိုင် အိမ်အကူ အလုပ်သမားတဦး အသတ်ခံရပြီးတဲ့နောက် အိမ်အကူ လုပ်သား အများအပြားဟာ ဖိလစ်ပိုင်နိုင်ငံကို ပြန်လာခဲ့ကြပါတယ်။

ဖိလစ်ပိုင် အိမ်အကူအလုပ်သမ ဂျိုအန်နာ ဒီမာဖိလစ်ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို သားငါး အစားအသောက်တွေ တာရှည်ခံအောင် အအေးခံတဲ့ ရေခဲသေတ္တာထဲမှာ တွေ့ခဲ့ပြီးတဲ့နောက် ကူဝိတ်က အိမ်အကူ လုပ်သားတွေရဲ့ အခြေအနေအပေါ် အထူး အာရုံစိုက်လာကြတာပါ။

ကူဝိတ်မှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၂ သိန်းခွဲကျော်ရှိပြီး အများအပြားက အိမ်အကူတွေအဖြစ် လုပ်ကိုင်နေ ကြတာဖြစ်ပါတယ်။ နှိပ်စက်ခံရတာနဲ့ မတရား လုပ်ခံရတဲ့သတင်းတွေ ထွက်ပေါ်နေပြီးနောက် ဖိလစ်ပိုင်အစိုးရက ကူဝိတ်မှာ သက်တမ်းကျော် နေထိုင်နေတဲ့ အလုပ်သမားတွေကို ပြန်ခေါ်ဖို့ စီစဉ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)