ဂါဇာကမ္းေျမာင္ကို အစၥေရးတုိ႔ တုိက္ခိုက္၊ ပါလက္စတုိင္း ဆယ္ေက်ာ္သက္ ႏွစ္ဦး ေသဆံုး

0
266

အစၥေရးတုိ႔ရဲ႕ ပစ္ခတ္တုိက္ခိုက္မႈေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသမွာ ပါလက္စတုိင္း ဆယ္ေက်ာ္သက္ လူငယ္ ႏွစ္ဦး ေသဆံုးခဲ့ရတယ္လို႔ ပါလက္စတိုင္း က်န္းမာေရး အရာရွိေတြက ေျပာပါတယ္။   

အစၥေရး  စစ္သား ၄ ဦး ဒဏ္ရာရရွိေစခဲ့တဲ့ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီးေနာက္ တံု႔ျပန္တုိက္ခိုက္မႈအျဖစ္ အစၥေရးတုိ႔က စစ္ေသြးၾကြေတြ ပိုင္ဆုိင္တဲ့ေနရာ ၁၈ ခုကို ပစ္မွတ္ထား တုိက္ခိုက္ခဲ့ရာ ပါလက္စတိုင္း   ဆယ္ေက်ာ္သက္ ၂ ဦး ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္။  

အခု တုိက္ခိုက္မႈဟာ အစၥေရးတုိ႔နဲ႔ ပါလက္စတိုင္း စစ္ေသြးၾကြေတြ တုိက္ခုိက္မႈျဖစ္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း  အႀကီးမားဆံုး တုိက္ခုိက္မႈတစ္ခု ျဖစ္ခဲ့ပါတယ္။ အစၥေရးတို႔ဟာ ဟားမတ္စစ္ေသြးၾကြေတြ ပိုင္ဆုိင္တဲ့ ေနရာ ၁၈ ခုကို ပစ္မွတ္ထားၿပီး စစ္ဘက္သံုး ေလယာဥ္ေတြအျပင္ တင့္ကားေတြနဲ႔ တုိက္ခုိက္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂါဇာကမ်းမြောင်ကို အစ္စရေးတို့ တိုက်ခိုက်၊ ပါလက်စတိုင်း ဆယ်ကျော်သက် နှစ်ဦး သေဆုံး

အစ္စရေးတို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ဆယ်ကျော်သက် လူငယ် နှစ်ဦး သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

အစ္စရေး စစ်သား ၄ ဦး ဒဏ်ရာရရှိစေခဲ့တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တုံ့ပြန်တိုက်ခိုက်မှုအဖြစ် အစ္စရေးတို့က စစ်သွေးကြွတွေ ပိုင်ဆိုင်တဲ့နေရာ ၁၈ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း ဆယ်ကျော်သက် ၂ ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အခု တိုက်ခိုက်မှုဟာ အစ္စရေးတို့နဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ အစ္စရေးတို့ဟာ ဟားမတ်စစ်သွေးကြွတွေ ပိုင်ဆိုင်တဲ့ နေရာ ၁၈ ခုကို ပစ်မှတ်ထားပြီး စစ်ဘက်သုံး လေယာဉ်တွေအပြင် တင့်ကားတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)