BAFTA ႐ုပ္ရွင္ ဆုေပးပြဲကို ဝတ္စံုနက္ေတြနဲ႔ တက္ေရာက္

0
911

ဗိတိန္ႏိုင္ငံ၊ ႐ြိဳင္ယယ္ အယ္လ္ဘတ္ ခန္းမမွာ က်င္းပတဲ့ BAFTA ႐ုပ္ရွင္ ဆုေပးပြဲမွာ မေန႔ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔က ကမာၻေက်ာ္ အႏုပညာရွင္ေတြ ျဖစ္ၾကတဲ့ ဂ်နီဖာေလာရင့္၊ မားေဂါ့ ေရာ္ဘီ၊ အင္ဂ်လီနာဂ်ိဳလီ တို႔ အပါအဝင္ ေဟာလိဝုဒ္ အႏုပညာရွင္ေတြ အနက္ေရာင္ ဝတ္စံုေတြ ဝတ္ဆင္ တက္ေရာက္ခဲ့ၾကပါတယ္။

အႏုပညာ လုပ္ငန္း အသိုင္းအဝိုင္းအတြင္း လိင္ပို္င္းဆိုင္ရာ ထိပါးေႏွာင့္ယွက္မႈေတြကို ဆန္႔က်င္ ဆႏၵျပတဲ့ အေနနဲ႔ “Time’s Up” လႈပ္ရွားမႈအျဖစ္ အခုလုိ ဝတ္ဆင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ၿဗိတိန္ သတင္းစာ The Observer က လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈ ခံခဲ့ရသူေတြကို စာေရးသားေပးပို႔ဖုိ႔ ဖိတ္ေခၚခဲ့ရာ ၿဗိတိန္ ေအာ္စကာဆုရွင္ အမ္မာ သြန္ပဆင္၊ ကိတ္ ဝင္း စလတ္နဲ႔ ေအာ္စကာဆုရွင္ စာရင္းဝင္ ဆာေအာ္ဆီ ႐ိုနန္တုိ႔ ေရးသားခ်က္ အပါအ၀င္ စာေပါင္း ၁၉၀ ရရွိခဲ့ပါတယ္။

#MeToo နဲ႔ Time’s Up လႈပ္ရွားမႈဟာ လုပ္ငန္းခြင္၊ ႏိုင္ငံေရးနဲ႔ အႏုပညာ အသိုက္အဝန္းထဲမွာ လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင့္ယွက္မႈေတြကို ထုတ္ေဖာ္ ေျပာၾကား ဆန္႔က်င္ၾကတဲ့ လႈပ္ရွားမႈေတြ ျဖစ္ၾကပါတယ္။

ည ၿပီးခဲ့တဲ့ တစ္လေလာက္က က်င္းပခဲတဲ့ ပြဲေတြမွာလည္း လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မႈေတြကို ဆႏၵျပတဲ့အေနနဲ႔ နာမည္ႀကီး အႏုပညာရွင္ေတြက အနက္ေရာင္ ဝတ္စံုေတြ၊ အျဖဴေရာင္ဝတ္စံုေတြ ဆင္တူ ဝတ္ဆင္တဲ့ လႈပ္ရွားမႈေတြ လုပ္ေဆာင္ခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

BAFTA ရုပ်ရှင် ဆုပေးပွဲကို ဝတ်စုံနက်တွေနဲ့ တက်ရောက်

ဗြိတိန်နိုင်ငံ၊ ရွိုင်ယယ် အယ်လ်ဘတ် ခန်းမမှာ ကျင်းပတဲ့ BAFTA ရုပ်ရှင် ဆုပေးပွဲမှာ မနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကမ္ဘာကျော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ ဂျနီဖာလောရင့်၊ မားဂေါ့ ရော်ဘီ၊ အင်ဂျလီနာဂျိုလီ တို့ အပါအဝင် ဟောလိဝုဒ် အနုပညာရှင်တွေ အနက်ရောင် ဝတ်စုံတွေ ဝတ်ဆင် တက်ရောက်ခဲ့ကြပါတယ်။

အနုပညာ လုပ်ငန်း အသိုင်းအဝိုင်းအတွင်း လိင်ပိ်ုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကို ဆန့်ကျင် ဆန္ဒပြတဲ့ အနေနဲ့ “Time’s Up” လှုပ်ရှားမှုအဖြစ် အခုလို ဝတ်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဗြိတိန် သတင်းစာ The Observer က လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံခဲ့ရသူတွေကို စာရေးသားပေးပို့ဖို့ ဖိတ်ခေါ်ခဲ့ရာ ဗြိတိန် အော်စကာဆုရှင် အမ်မာ သွန်ပဆင်၊ ကိတ် ဝင်း စလတ်နဲ့ အော်စကာဆုရှင် စာရင်းဝင် ဆာအော်ဆီ ရိုနန်တို့ ရေးသားချက် အပါအဝင် စာပေါင်း ၁၉၀ ရရှိခဲ့ပါတယ်။

#MeToo နဲ့ Time’s Up လှုပ်ရှားမှုဟာ လုပ်ငန်းခွင်၊ နိုင်ငံရေးနဲ့ အနုပညာ အသိုက်အဝန်းထဲမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကို ထုတ်ဖော် ပြောကြား ဆန့်ကျင်ကြတဲ့ လှုပ်ရှားမှုတွေ ဖြစ်ကြပါတယ်။

ည ပြီးခဲ့တဲ့ တစ်လလောက်က ကျင်းပခဲတဲ့ ပွဲတွေမှာလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ဆန္ဒပြတဲ့အနေနဲ့ နာမည်ကြီး အနုပညာရှင်တွေက အနက်ရောင် ဝတ်စုံတွေ၊ အဖြူရောင်ဝတ်စုံတွေ ဆင်တူ ဝတ်ဆင်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)