ေနအိမ္ကို ျပည့္တန္ဆာေတြ ေခၚခဲ့ေၾကာင္း Oxfam ဌာေန အႀကီးအကဲေဟာင္း ဝန္ခံ

0
265

 

၂၀၁၁ ခုႏွစ္က ရာထူးက ႏုတ္မထြက္မီ အဖြဲ႔က ငွားေပးထားတဲ့ ေနအိမ္မွာ ျပည့္တန္ဆာေတြ ေခၚခဲ့တယ္လို႔ Oxfam ရဲ႕ ေဟတီ ဌာန အႀကီးအကဲေဟာင္းက ဝန္ခံလိုက္ပါတယ္။

၂၀၁၀ ျပည့္ႏွစ္ ငလ်င္အၿပီး ေဟတီမွာ တာဝန္ယူခဲ့တဲ့ ေရာ္နယ္ ဗန္ ဟူဝါမိုင္ရန္ အေနနဲ႔ ျပည့္ဆန္ဆာေတြ ေခၚယူမႈ၊ ဝန္ထမ္းေတြအေပၚ ထိပါးေႏွာင့္ယွက္မႈ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္လို႔ ပထမဆံုးအႀကိမ္ ဝန္ခံထြက္ဆိုတာ ျဖစ္ပါတယ္။

႐ံုးက ငွားေပးထားတဲ့ ေနအိမ္မွာ ျပည့္တန္ဆာေတြ ေခၚတာ၊ မတရားအႏိုင္က်င့္မႈနဲ႔ ၿခိမ္းေျခာက္မႈ လုပ္တာေတြနဲ႔ ပတ္သက္ၿပီး ဆံုးျဖတ္ခ်က္ ခ်တာေတြကို ပြင့္လင္းျမင္သာေအာင္ လုပ္မယ္လို႔ Oxfam က ထုတ္ျပန္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>

နေအိမ်ကို ပြည့်တန်ဆာတွေ ခေါ်ခဲ့ကြောင်း Oxfam ဌာနေ အကြီးအကဲဟောင်း ဝန်ခံ

၂၀၁၁ ခုနှစ်က ရာထူးက နုတ်မထွက်မီ အဖွဲ့က ငှားပေးထားတဲ့ နေအိမ်မှာ ပြည့်တန်ဆာတွေ ခေါ်ခဲ့တယ်လို့ Oxfam ရဲ့ ဟေတီ ဌာန အကြီးအကဲဟောင်းက ဝန်ခံလိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ် ငလျင်အပြီး ဟေတီမှာ တာဝန်ယူခဲ့တဲ့ ရော်နယ် ဗန် ဟူဝါမိုင်ရန် အနေနဲ့ ပြည့်ဆန်ဆာတွေ ခေါ်ယူမှု၊ ဝန်ထမ်းတွေအပေါ် ထိပါးနှောင့်ယှက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ဝန်ခံထွက်ဆိုတာ ဖြစ်ပါတယ်။

ရုံးက ငှားပေးထားတဲ့ နေအိမ်မှာ ပြည့်တန်ဆာတွေ ခေါ်တာ၊ မတရားအနိုင်ကျင့်မှုနဲ့ ခြိမ်းခြောက်မှု လုပ်တာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချတာတွေကို ပွင့်လင်းမြင်သာအောင် လုပ်မယ်လို့ Oxfam က ထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)