မကၠဆီကို စစ္သံုးရဟတ္ယာဥ္ ပ်က္က်မႈ ေသဆံုးသူ ၁၃ ဦး အထိရွိ

0
864

ငလ်င္လႈတ္ခတ္ခဲ့တဲ့ေနရာကို သြားေရာက္ ၾကည့္ရႈဖုိ႔ အဆင္ျမင့္အရာႀကီးေတြ လုိက္ပါလာတဲ့ မကၠဆီကို စစ္ဘက္သံုး ရဟတ္ယာဥ္ပ်က္က်ခ်ိန္မွာ ကေလးငယ္ ၃ ဦး အပါအဝင္ ေျမျပင္ေပၚရွိလူ ၁၃ ဦး ေသဆံုးသြားခဲ့တယ္လို႔ မကၠဆီကို အာဏာပိုင္ေတြက ေျပာပါတယ္။  

မကၠဆီကို အဆင့္ျမင့္အရာရွိႀကီးေတြ လုိက္ပါခဲ့တဲ့ စစ္ဘက္သံုး ရဟတ္ယာဥ္ဟာ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔က ေအာက္ဇာကာ ေတာင္ပိုင္းမွာ ပ်က္က်သြားခဲ့ပါတယ္။ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးနဲ႔ မကၠဆီကို ျပည္ထဲေရးဝန္ႀကီးကို တင္ေဆာင္လာတဲ့ ရဟတ္ယာဥ္ဟာ ဆင္းသက္ဖို႔ ႀကိဳးပမ္းခ်ိန္မွာ ဗင္ကား ႏွစ္စီးေပၚကို ပ်က္က်သြားခဲ့တာ ျဖစ္ပါတယ္။  

မကၠဆီကို ျပည္ထဲေရးဝန္ႀကီးနဲ႔ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးတို႔ အသက္ရွင္ လြတ္ေျမာက္ခဲ့ေပမယ့္ ၁၂ ဦး ေသဆံုးခဲ့ၿပီး တစ္ဦးက ေဆး႐ံုေရာက္ရွိခ်ိန္မွာ ေသဆံုးသြားခဲ့ကာ ေနာက္ထပ္ ၁၅ ဦး ဒဏ္ရာ ရရွိသြားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကို စစ်သုံးရဟတ်ယာဉ် ပျက်ကျမှု သေဆုံးသူ ၁၃ ဦး အထိရှိ

ငလျင်လှုတ်ခတ်ခဲ့တဲ့နေရာကို သွားရောက် ကြည့်ရှုဖို့ အဆင်မြင့်အရာကြီးတွေ လိုက်ပါလာတဲ့ မက္ကဆီကို စစ်ဘက်သုံး ရဟတ်ယာဉ်ပျက်ကျချိန်မှာ ကလေးငယ် ၃ ဦး အပါအဝင် မြေပြင်ပေါ်ရှိလူ ၁၃ ဦး သေဆုံးသွားခဲ့တယ်လို့ မက္ကဆီကို အာဏာပိုင်တွေက ပြောပါတယ်။

မက္ကဆီကို အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါခဲ့တဲ့ စစ်ဘက်သုံး ရဟတ်ယာဉ်ဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အောက်ဇာကာ တောင်ပိုင်းမှာ ပျက်ကျသွားခဲ့ပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ မက္ကဆီကို ပြည်ထဲရေးဝန်ကြီးကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ ဆင်းသက်ဖို့ ကြိုးပမ်းချိန်မှာ ဗင်ကား နှစ်စီးပေါ်ကို ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

မက္ကဆီကို ပြည်ထဲရေးဝန်ကြီးနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ အသက်ရှင် လွတ်မြောက်ခဲ့ပေမယ့် ၁၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးက ဆေးရုံရောက်ရှိချိန်မှာ သေဆုံးသွားခဲ့ကာ နောက်ထပ် ၁၅ ဦး ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)