ဂမ္ဘီယာႏိုင္ငံမွာ ေသဒဏ္အျပစ္ေပးမႈကို ဆိုင္းငံ့

0
896

အာဏာကို ခ်ဳပ္ကိုင္ထားတဲ့ ယာယာ ဂ်မ္မက္ကို မႏွစ္က ဖယ္ရွားလိုက္ၿပီးေနာက္ ႏိုင္ငံတကာ စံႏႈန္းေတြကို လိုက္နာဖို႔ ျပန္လည္ ႀကိဳးပမ္းတဲ့အေနနဲ႔ ဂမ္ဘီယာ ႏိုင္ငံမွာ ေသဒဏ္ အျပစ္ေပးမႈကို ဆိုင္းငံ့လိုက္ေၾကာင္း မေန႔က ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔မွာ သမၼတ အာဒါမာ ေဘာ္႐ိုးက ေၾကညာပါတယ္။

အာဖရိက တလႊားမွာ ေသဒဏ္ အျပစ္ေပးမႈေတြ ေလ်ာ့က်လာေနၿပီး ၂၀၁၅ ခုႏွစ္မွာ ေသဒဏ္ေပးမႈ ၄၃ ခု ရွိရာက ၂၀၁၆ ခုႏွစ္မွာ ၂၂ ခုပဲ ရွိတယ္လို႔ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔က ေျပာပါတယ္။

ၿဗိတိန္ကေန လြတ္လပ္ေရးရရွိတဲ့ ၅၃ ႏွစ္ေျမာက္ အထိန္းအမွတ္အျဖစ္ မိန္႔ခြန္းေျပာရာမွာ ဂမ္ဘီယာႏိုင္ငံတြင္း ေသဒဏ္ဆိုင္းငံ့ေၾကာင္း ထည့္သြင္း ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ အရင္ အာဏာရွင္ေဟာင္း ဂ်မ္မက္ လက္ထက္ ၂၀၁၂ ခုႏွစ္မွာ အက်ဥ္းသား ၈ ဦးကို ေသနတ္သမားအဖြဲ႔နဲ႔ ပစ္သတ္ ေသဒဏ္ေပးလို႔ ေဝဖန္မႈေတြ ခံရဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂမ်ဘီယာနိုင်ငံမှာ သေဒဏ်အပြစ်ပေးမှုကို ဆိုင်းငံ့

အာဏာကို ချုပ်ကိုင်ထားတဲ့ ယာယာ ဂျမ်မက်ကို မနှစ်က ဖယ်ရှားလိုက်ပြီးနောက် နိုင်ငံတကာ စံနှုန်းတွေကို လိုက်နာဖို့ ပြန်လည် ကြိုးပမ်းတဲ့အနေနဲ့ ဂမ်ဘီယာ နိုင်ငံမှာ သေဒဏ် အပြစ်ပေးမှုကို ဆိုင်းငံ့လိုက်ကြောင်း မနေ့က ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ သမ္မတ အာဒါမာ ဘော်ရိုးက ကြေညာပါတယ်။

အာဖရိက တလွှားမှာ သေဒဏ် အပြစ်ပေးမှုတွေ လျော့ကျလာနေပြီး ၂၀၁၅ ခုနှစ်မှာ သေဒဏ်ပေးမှု ၄၃ ခု ရှိရာက ၂၀၁၆ ခုနှစ်မှာ ၂၂ ခုပဲ ရှိတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။

ဗြိတိန်ကနေ လွတ်လပ်ရေးရရှိတဲ့ ၅၃ နှစ်မြောက် အထိန်းအမှတ်အဖြစ် မိန့်ခွန်းပြောရာမှာ ဂမ်ဘီယာနိုင်ငံတွင်း သေဒဏ်ဆိုင်းငံ့ကြောင်း ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အရင် အာဏာရှင်ဟောင်း ဂျမ်မက် လက်ထက် ၂၀၁၂ ခုနှစ်မှာ အကျဉ်းသား ၈ ဦးကို သေနတ်သမားအဖွဲ့နဲ့ ပစ်သတ် သေဒဏ်ပေးလို့ ဝေဖန်မှုတွေ ခံရဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)