ၾသစေၾတးလ် ဇိမ္ခံသေဘၤာေပၚမွာ ရန္ျဖစ္ၾကလို႔ လူ ၂၃ ဦးကို ဖယ္ရွားခဲ့ရ

0
866

ေတာင္ ပစိဖိတ္သမုဒၵရာထဲမွာ ၁၀ ရက္ၾကာ ခရီးထြက္သြားတဲ့ ကာနီဗယ္ ဇိမ္ခံသေဘၤာေပၚမွာ အျပင္းအထန္ ရန္ျဖစ္ၾကလို႔ ၾသစေၾတးလ် ရဲက သေဘၤာကို ရပ္တန္႔ေစၿပီး လူ ၂၃ ဦးကို ဖယ္ရွားေပးခဲ့ရပါတယ္။

ဗီဒီယို ႐ိုက္ကူးထားခ်က္အရ ခရီးသည္တခ်ိဳ႕ဟာ တျခားခရီးသည္ေတြ လံုၿခံဳေရးအဖြဲ႔ေတြနဲ႔ အျပန္အလွန္ ေအာ္ဟစ္တာ ထိုးႏွက္ကန္ေက်ာက္တာေတြ လုပ္ခဲ့ၾကပါတယ္။ သေဘၤာလံုၿခံဳေရးအဖြဲ႔ေတြက ၾကမ္းျပင္ေပၚ လဲက်ေနတဲ့ ခရီးသည္ေတြကို ကန္ေက်ာက္ေနတာလည္း ေတြ႔ရပါတယ္။

ေမာက္မာလြန္းၿပီး တျခားခရီးသည္ေတြကိုပါ ထိခိုက္ေစတဲ့ အျပဳအမႈမ်ိဳးကို ကြ်န္ေတာ္တို႔ လံုးဝ သည္းမခံႏိုင္ပါဘူးလို႔ ကာနီဗယ္ သေဘၤာလိုင္းက သတင္းထုတ္ျပန္ပါတယ္။ သေဘၤာေပၚမွာ ခိုက္ရန္ျဖစ္ပြားေအာင္ လုပ္ခဲ့တဲ့ မိသားစုေတြကို ၾသစေၾတးလ် ေဒသအာဏာပိုင္ေတြနဲ႔ ပူးေပါင္းၿပီး ဖယ္ရွားလိုက္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျ ဇိမ်ခံသင်္ဘောပေါ်မှာ ရန်ဖြစ်ကြလို့ လူ ၂၃ ဦးကို ဖယ်ရှားခဲ့ရ

တောင် ပစိဖိတ်သမုဒ္ဒရာထဲမှာ ၁၀ ရက်ကြာ ခရီးထွက်သွားတဲ့ ကာနီဗယ် ဇိမ်ခံသင်္ဘောပေါ်မှာ အပြင်းအထန် ရန်ဖြစ်ကြလို့ သြစတြေးလျ ရဲက သင်္ဘောကို ရပ်တန့်စေပြီး လူ ၂၃ ဦးကို ဖယ်ရှားပေးခဲ့ရပါတယ်။

ဗီဒီယို ရိုက်ကူးထားချက်အရ ခရီးသည်တချို့ဟာ တခြားခရီးသည်တွေ လုံခြုံရေးအဖွဲ့တွေနဲ့ အပြန်အလှန် အော်ဟစ်တာ ထိုးနှက်ကန်ကျောက်တာတွေ လုပ်ခဲ့ကြပါတယ်။ သင်္ဘောလုံခြုံရေးအဖွဲ့တွေက ကြမ်းပြင်ပေါ် လဲကျနေတဲ့ ခရီးသည်တွေကို ကန်ကျောက်နေတာလည်း တွေ့ရပါတယ်။

မောက်မာလွန်းပြီး တခြားခရီးသည်တွေကိုပါ ထိခိုက်စေတဲ့ အပြုအမှုမျိုးကို ကျွန်တော်တို့ လုံးဝ သည်းမခံနိုင်ပါဘူးလို့ ကာနီဗယ် သင်္ဘောလိုင်းက သတင်းထုတ်ပြန်ပါတယ်။ သင်္ဘောပေါ်မှာ ခိုက်ရန်ဖြစ်ပွားအောင် လုပ်ခဲ့တဲ့ မိသားစုတွေကို သြစတြေးလျ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဖယ်ရှားလိုက်ကြောင်းလည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)