ဗီဇာကိစ္စ အခက်အခဲများနဲ့ အလုပ်သမား စေလွှတ်ရေး ကိစ္စတွေအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး

0
328

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ဗီဇာကိစ္စ အခက်အခဲများနဲ့ အလုပ်သမား စေလွှတ်ရေး ကိစ္စတွေအတွက် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိ သူများက သွားရောက်ဆွေးနွေးခဲံကြတာဖြစ်ပါတယ်။ ထိုင်း-မြန်မာ တာဝန်ရှိသူများက မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အစည်း အဝေးမှာ ထိုင်းနိုင်ငံက ပန်းရောင်ကတ် ကိုင်ဆောင်သူတွေကို စီအိုင် ထုတ်ပေးရေး ကိစ္စရပ်များ၊ အလုပ်လုပ်ခွင့် ခြောက်နှစ်ပြည့်ပြီးသူများနဲ့  လေးနှစ်ပြည့်ပြီးသူများရဲ့ ဗီဇာသက်တမ်း တိုးမြှင့်ရေးကိစ္စများ ကို ဆွေးနွေးထားပြီး ထိုင်းဘက်မှ ကက်ဘိနက်ကို တင်ပြထားတဲ့အပေါ်ကို ဆက်လက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေရဲ့ သတ်မှတ် ငွေပေးသွင်းရမယ့် ကိစ္စတွေမှာ ငွေကြေး ပြဿနာများ မဖြစ်ပေါ်စေရန် ဘဏ်စနစ်ဖြင့် ဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော်သည့် ကိစ္စ၊ ရေလုပ်သား ကိစ္စများကို အသေးစိတ်ဆွေးနွေး ဖြစ်ခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကို ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးနိုင်ဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလူမှုအဖွဲ့အစည်း တွေကိုလည်း တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)