
0
2070




 


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကို ကုလသမဂ္ဂ အသိမှတ်ပြုစရာမလိုဘဲ စီစဉ်ထားအတိုင်းကျင်းပမယ်

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် က ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး ၂၀၁၈ ခုနှစ် အတွင်းကျင်းပမယ့်ရွေးကောက်ပွဲရလဒ်တွေကို ကုလသမဂ္ဂ အသိမှတ်ပြုစရာ မလိုဘူးလို့ ပြောလိုက်ပါတယ်ကမ္ဘာဒီးယားနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖွယ်မရှိဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်နေမှုအပေါ် ဝန်ကြီးချုပ် ဟွန်ဆန်က ဒေါသဖြစ်နေပါတယ်။

ကမ္ဘောဒီးယား ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လွတ်တော်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ဇူလိုင် ၂၉ ရက်နေ့မှာ နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။

အဓိက အတိုက်ခံပါတီကိုဖျက်သိမ်းမှု နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားအစိုးရကို ဝေဖန်မှုတွ ရှိနေပေမယ့် ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ကျင်းပမယ်လို့ ဝန်ကြီးချုပ်ကပြောခဲ့တာဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က ရွေးကောက်ပွဲကို ပြည်သူတွေ ပါဝင်မဲပေးဖို့လိုအပ်ပြီး ရွေးကောက်ပွဲကို အခြားနိုင်ငံက သမ္မတတွေ ဒါမှမဟုတ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် တို့အသိမှတ်ပြု တာမလိုဘူးလို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)