အမေရိကန် ဝါရှင်တန် ဒီစီ နဲ့ အိမ်ဖြူတော်ကို တိုက်ခိုက်မယ်လို့ IS ခြိမ်းခြောက်

0
2075



………………… ။ ။ ………………….

အမေရိကန် ဝါရှင်တန် ဒီစီ နဲ့ အိမ်ဖြုတော်ကိုတိုက်ခိုက်မယ်လို့ IS ခြိမ်းခြောက်

IS စစ်သွေးကြွအဖွဲ့က အမေရိကန် ဝါရှင်တန်မြို့ နဲ့ အိမ်ဖြူတော်ကို တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

စစ်သွေးကြွအဖွဲ့ ဟာ တိုက်ခိုက်မယ့်အကြောင်းကို ရုပ်သံဖိုင်ကနေတဆင့် ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီရုပ်သံဖိုင်ထဲမှာ ဝါရှင်တန်မြို့ ကို ကျူးကျော်ဝင်ရောက်တိုက် ခိုက်ဖို့ IS အစွန်းရောက်အဖွဲ့တွေကို လှုံဆော်ထားတယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

ရုပ်သံဖိုင်ထဲမှာ IS စစ်သွေးကြွအဖွဲ့တွေက တံတားတွေကိုအသေခံဗုံးခွဲတာနဲ့ စတင်ထားပြီး အချိန် ၅ မီနစ်ကြာပါတယ်။ ရုပ်သံဖိုင်ထဲမှာ IS အဖွဲ့ တိုက်ခိုက်ရေးသမားသစ်တွေကိုလည်း အမေရိကန် အိမ်ဖြုတော်ကို တိုက်ခိုက်ဖို့ အတွက် တောင်းဆိုထားပြီး ပန်းခြံနဲ့ လမ်းတွေထဲမှာ အရပ်သားတွေကို is အဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်နေတာကို ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)