
0
2028





>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် နိုင်ငံက ကူဝိတ် နိုင်ငံဆီ အိမ်အကူလုပ်သားစေလွတ်မှု ပိတ်ပင်ဖို့ စဉ်းစားနေ

ကူဝိတ်နိုင်ငံမှာ ဖိလစ်ပိုင် အိမ်အ ကူအလုပ်သမားတွေ ဟာ ညှင်းပန်းနှိပ်စက်ခံရမှုတွေရှိနေရာ နှိပ်စက်ခံရမှုတွေကြောင့် ပြီးခဲ့တဲ့လတွေအတွင်း သေကြောင်းကြံစည်မှုအများပြားဖြစ်ခဲ့ရာ ကူဝိတ်နိုင်ငံဆီ ဖိလစ်ပိုင် အိမ်အကူလုပ်သားတွေ စေလွတ်နေတာကိုပိတ်ပင်ဖို့ စဉ်စားနေတယ်လို့ ဖိလစ်ပိုင် သမ္မတ ကပြောပါတယ်။

ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ဖိလစ်ပိုင် အလုပ်သမားတွေ နှိပ်စက်ခံရတာနဲ့ ပတ်သက်လို့ မှတ်ချက်ပြုတာမရှိခဲ့သလို ဖိလစ်နိုင်ငံရှိ ကူဝိတ်သံရုံးကလည်း ဖိလစ်ပိုင် သမ္မတရဲ့မှတ်ချက်ကို ချက်ခြင်းတုံပြန်တာမျိုးမရှိခဲ့ပါဘူး။

ကူဝိတ်နိုင်ငံမှာ ဖိလစ်ပိုင် နိုင်ငံအလုပ်သမား ၂၅၀ဝ၀ ကျော်အလုပ်လုပ်ကိုင်နေပြီးအများစု အိမ်အကူအလုပ်သမားအဖြစ် လုပ်နေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင် အလုပ်သမားတွေ ဟာ ကူဝိတ်နိုင်ငံအပြင် ကာတာ၊ ယူအေးအီး၊ ဆော်ဒီအာရေဗျ နိုင်ငံတွေမှာလည်းအများပြားလုပ်ကိုင်နေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)