
0
2096





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်လူဆိုးဂိုဏ်းဝင် ၃၃ ဦးကို အီတလီရဲတပ်ဖွဲ့ စီးနင်းဖမ်းဆီး
အီတလီ ရဲတပ်ဖွဲ့ က တရုတ် လူဆိုးဂိုဏ်းဝင် အဖြစ်သံသယရှိတဲ့ ၃၃ ဦးကို ဖမ်းဆီးလိုက်တယ်လို့ အီတလီရဲတွေကပြောပါတယ်။
အီတလီရဲတွေ ဟာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဥရောပ တစ်ဝှမ်း သယ်ယူပို့ဆောင်ရာမှာ ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခံရတဲ့ တရုတ် နိုင်ငံသား လူဆိုးဂိုဏ်းအုပ်စုကို ပစ်မှတ်ထားပြီး စီးနင်းခဲ့တာဖြစ်ပါတယ်။
တရုတ် လူဆိုးဂိုဏ်းကို ၂၀၁၁ ခုနှစ်တည်းက စုံစမ်းခဲ့တာဖြစ်ပြီး ဖမ်ဆီးခံရတဲ့သူတွေ ဟာ ရာဇာဝတ်ဂိုဏ်းတွေနဲ့ ဆက်နွယ်မှုတွေ ရှိတယ်လို့ စွပ်စွံခံထားရပြီး ဖမ်းဆီးခဲ့တဲ့ သူတွေထဲကမှ ၂၁ ဦးကို စုံစမ်းစစ်ဆေးနေတယ်လို့ အီတလီ ရဲတပ်ဖွဲ့ကပြောပါတယ်။
တရုတ်လူဆိုးဂိုဏ်းအုပ်စု ဟာ ပြည့်တန်ဆာလုပ်ငန်း အပြင် မူးယစ်ဆေးဝါးမှောင်ခိုမှုတွေကို တရားမဝင်လုပ်ကိုင်ခဲ့ပြီး ပြင်သစ် နဲ့ စပိန်တို့မှာလည်း ရာဇာဝတ် လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)