အီရန်မှာ အထပ်မြင့်အဆောက်အအုံ မီးလောင်ပြီး ပြိုကျလို့ မီးသတ်သမား ၃၀ သေဆုံး

0
302

အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန်မှာ ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်နေ့က အထပ်မြင့်အဆောက်အအုံတစ်ခု မီးလောင်ကျွမ်းပြီး ပြိုကျခဲ့တဲ့အတွက် မီးသတ်သမား ၃၀ လောက် သေဆုံးသွားပါတယ်။

ပြိုကျခဲ့တဲ့ Plasco အဆောက်အအုံဟာ တီဟီရန် မြို့လယ်က အထင်ကရ အဆောက်အအုံတစ်ခုဖြစ်ပါတယ်။

အီရန် နိုင်ငံပိုင် Press TV သတင်းဌာနက မီးသတ်သမား ၃၀ သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုသာ ထုတ်လွှင့်ကြေညာပြီး သတင်းရင်းမြစ်ကိုတော့ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။ ပြည်တွင်းအီရန်ရုပ်သံဌာန တွေမှာတော့ အရပ်သား ၃၀ လောက် ဒဏ်ရာရရှိတယ်လို့ ဆိုပြီး နိုင်ငံပိုင် IRNA သတင်းဌာနမှာတော့ မီးသတ်သမား ၄၅ ယောက်လောက် ဒဏ်ရာရရထားတယ်လို့ ဆိုပါတယ်။

မီးသတ်သမားတွေဟာ အဆောက်အဦးထဲကို မပြိုကျခင်မှာ ဝင်ရောက်ပြီး မီးငြှိမ်းနေကြတာပါ။ အဲဒီနောက်မှာ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦး ပြိုကျခဲ့တာဖြစ်ပြီး ပြိုကျခဲ့ပုံကို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်တာတွေ လည်း ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)