ဂျပန်က နည်းပညာမြင့် အိမ်သာတွေကြောင့် နိုင်ငံခြားသား ခရီးသွားတွေ အခက်တွေ့နေ

0
318

ဂျပန်နိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားတွေဟာ နိုင်ငံအတွင်းက အများသုံးသန့်စင်ခန်းတွေက အိမ်သာတွေရဲ့ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာတွေကြောင့် အခက်တွေ့တာမျိုးတွေ ရှိနေပါတယ်။

၂၀၁၄ မှာကောက်ခဲ့တဲ့ စာရင်းဇယားအရ ဂျပန်ကိုလာတဲ့ နိုင်ငံခြားသားအများစုဟာ အဲဒီသန့်စင်ခန်းတွေမှာ ရှုပ်ထွေးလှတဲ့ လုပ်ဆောင်မှုတွေနဲ့ များပြားလှတဲ့ ခလုတ်တွေကို သုံးရာမှာ အခက်အခဲရှိနေတာပါ။

ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန် သန့်စင်ခန်းသုံးပစ္စည်းထုတ်လုပ်ရေး အဖွဲ့အစည်းက သန့်စင်ခန်းပစ္စည်းတွေကို စံသတ်မှတ်ချက် ၈ ခုသတ်မှတ်ထားပြီး လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အဲဒီလိုပြုလုပ်ရာမှာ သန့်စင်ခန်းသုံးပစ္စည်းတွေ ကိုပိုပြီးအသုံးပြုရ လွယ်ကူအောင်ပြုလုပ်သွားမှာဖြစ်ပြီး ခလုတ်တွေကိုလည်းအသုံး ပြုဖို့လွယ်ကူအောင်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒီအစီအစဉ်ကို လာမယ့် ဧပြီ လလောက်မှာအကောင်အ ထည်ဖော်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)