ထိုင်းနိုင်ငံ နှစ်သစ်ကူးပွဲတော်ကာလမှာ ၇ ရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၄၇၈ ဦး သေဆုံးခဲ့

0
262

ထိုင်းနိုင်ငံမှာ ၂၀၁၆ ခုနှစ် နှစ်သစ်ကူးကာလက ၇ ရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၄၇၈ ရက် သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ယာဉ်သွားလမ်းတွေမှာ ယာဉ်မတော်တဆ တိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ထိုင်းနိုင်ငံရဲ့ယာဉ်သွားလမ်းတွေမှာ ယာဉ်မတော်တဆထိခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ မြင့်တက်နေတာပါ။

ထိုင်းအစိုးရအနေနဲ့ အဲဒီလို ယာဉ်မတော်တဆမှုကြောင့် သေဆုံးနေတာတွေ ကျဆင်းသွားအောင် အရှိန် ပြင်းပြင်း မမောင်းဖို့၊ အရက်သေစာသောက်ပြီး ကားမမောင်းဖို့ စတဲ့ ကန့်သတ်မှုတွေလိုမျိုး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူး အချိန်နဲ့ ဆုံးခရန်ရိုးရာ ပွဲတော်အချိန်အခါတွေမှာတော့ ယာဉ်တိုက်မှုတွေ ပိုမြင်ရလေ့ ရှိပါတယ်။

နှစ်သစ်ကူးပွဲတော်ကာလတုန်းကလိုပဲ ဒီနှစ် ဇန်နဝါရီ (၂) ရက်နေ့ကလည်း ချောင်ဘူရီ ဒေသရဲ့လူဦးရေထူထပ်တဲ့နေရာမှာ ယာဉ်တိုက်မှုတစ်ခုတည်းအတွင်း လူ ၂၅ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီထဲက တချို့ကတော့ ယာဉ်ပေါက်ကွဲမှုကတစ်ဆင့် မီးလောင်ပြီး သေဆုံးခဲ့တာပါ။

ထိုင်းနိုင်ငံတစ်ခုလုံးမှာ လမ်းပေါင်း ၄၆၂,၀၀၀ ကျော်ရှိပြီး မော်တော်ဆိုင်ကယ် အစီးရေ သန်း ၂၀ အပါအဝင် တရားဝင်မှတ်ပုံတင်ထားတဲ့ ယာဉ်ပေါင်း ၃၇ သန်း ရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ထိုင်းနိုင်ငံဟာ လစ်ဗျားနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ယာဉ်လမ်းအန္တရာယ် ဒုတိယအများဆုံး နိုင်ငံ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)