Air India လေကြောင်းလိုင်းမှာ အမျိုးသမီးသီးသန့် ထိုင်ခုံတွေ သတ်မှတ်ပြေးဆွဲနေ

0
317

အိန္ဒိယနိုင်ငံက Air India လေကြောင်းလိုင်းရဲ့ ပြည်တွင်းခရီးစဉ်လေယာဉ်တွေမှာ အမျိုးသမီး သီးသန့် ထိုင်ခုံတွေ စတင်သတ်မှတ်ပြီး ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်ဟာ အမျိုးသမီး ခရီးသည်တွေအတွက် ရွေးချယ်ပိုများလာစေဖို့နဲ့ ပို သက်သောင့်သက်သာ ရှိစေဖို့အတွက်ဖြစ်ပြီး လေယာဉ်ပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်နှောင့်ယှက်မှုတွေကြောင့် မဟုတ်ဘူးလို့တော့ Air India ရဲ့ အဆင့်မြင့် အရာရှိတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့ကစပြီး Air India ရဲ့ Economy တန်း လေယာဉ်တွေရဲ့ တတိယမြောက်အတန်းမှာ အမျိုးသမီး သီးသန့် ခြောက်ခုံအဖြစ် သတ်မှတ်ပေးလိုက်တာပါ။ Air India ဟာ ဒီအစီအစဉ်ကို အိန္ဒိယမှာ ပထမဆုံး စတင်တဲ့ လေကြောင်းလိုင်းဖြစ်သလို ကမ္ဘာမှာလည်း ပထမဆုံးဖြစ်နိုင်ပါတယ်။

အိန္ဒိယနိုင်ငံဟာ နဂိုကတည်းက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာထိခိုက်စော်ကားတာ၊ နှောက်ယှက်တာမျိုး မဖြစ်ရအောင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အမျိုးသားနဲ့ အမျိုးသမီး သက်သက် ခွဲတဲ့ မူဝါဒတွေ နဂိုကတည်းက လုပ်ဆောင်နေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
Ref: Reuters

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)