ဂမ်ဘီယာကို ဘာသာရေးကိုအခြေခံတဲ့ တိုင်းပြည်မဟုတ်ကြောင်း ကြေညာဖို့ ခရစ်ယာန်တွေ တောင်းဆို

0
2566

အသစ်ပြန်လည် ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ ဂမ်ဘီယာနိုင်ငံကို အစ္စလာမ်နိုင်ငံမဟုတ်ဘဲ ဘာသာရေးကိုအခြေမခံတဲ့ တိုင်းပြည် (Secular State) အဖြစ် ထည့်သွင်းပေးဖို့ ဂမ်ဘီယာနိုင်ငံရှိ ခရစ်ယာန် ဘုရားကျောင်းတွေက တောင်းဆိုလိုက်ပါတယ်။

အနောက်အာဖရိကမှာ လူဦးရေ ၂ ဒသမ ၃၅ သန်းရှိတဲ့ ဂမ်ဘီယာနိုင်ငံကို အရင် အာဏာရှင်ဟောင်း ယာယာ ဂျမ်မက်က ၂၀၁၅ ခုနှစ်မှာ အစ္စလာမ် သမ္မတနိုင်ငံလို့ ကြေညာခဲ့ပါတယ်။ နောက်တက်လာတဲ့ သမ္မတ အာဒမာ ဘာရိုးက အာမခံထားပေမယ့် ခရစ်ယာန်တွေအပေါ် ဖိနှိပ်တင်းကျပ်မှုတွေ သိသိသာသာ ရှိနေဆဲဖြစ်တယ်လို့ ဗာတီကန် သတင်းမှာ ဖော်ပြထားပါတယ်။


ဂမ်ဘီယာကို ဘာသာရေးကိုအခြေခံတဲ့ တိုင်းပြည်မဟုတ်ကြောင်း ကြေညာဖို့ ခရစ်ယာန်တွေ တောင်းဆို

အသစ်ပြန်လည် ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းမှာ ဂမ်ဘီယာနိုင်ငံကို အစ္စလာမ်နိုင်ငံမဟုတ်ဘဲ ဘာသာရေးကိုအခြေမခံတဲ့ တိုင်းပြည် (Secular State) အဖြစ် ထည့်သွင်းပေးဖို့ ဂမ်ဘီယာနိုင်ငံရှိ ခရစ်ယာန် ဘုရားကျောင်းတွေက တောင်းဆိုလိုက်ပါတယ်။

အနောက်အာဖရိကမှာ လူဦးရေ ၂ ဒသမ ၃၅ သန်းရှိတဲ့ ဂမ်ဘီယာနိုင်ငံကို အရင် အာဏာရှင်ဟောင်း ယာယာ ဂျမ်မက်က ၂၀၁၅ ခုနှစ်မှာ အစ္စလာမ် သမ္မတနိုင်ငံလို့ ကြေညာခဲ့ပါတယ်။ နောက်တက်လာတဲ့ သမ္မတ အာဒမာ ဘာရိုးက အာမခံထားပေမယ့် ခရစ်ယာန်တွေအပေါ် ဖိနှိပ်တင်းကျပ်မှုတွေ သိသိသာသာ ရှိနေဆဲဖြစ်တယ်လို့ ဗာတီကန် သတင်းမှာ ဖော်ပြထားပါတယ်။

ကက်သလစ်၊ အင်္ဂလီကန်နဲ့ မက်သဒစ် ဘုရားကျောင်းတွေ စုပေါင်းပါဝင်တဲ့ ဂမ်ဘီယာနိုင်ငံ ခရစ်ယာန် ကောင်စီက အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာသာရေးကို အခြေမခံတဲ့ တိုင်းပြည်အဖြစ် ကြေညာပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံမှာ လူဦးရေ ၉ ရာခိုင်နှုန်းက ခရစ်ယာန်ဖြစ်ပြီး အများစုက မွတ်စလင်တွေ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)