ပြည်တွင်းလုပ် လေယာဉ်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းကြောင်း တရုတ် အတည်ပြု

0
71

ပြည်တွင်းမှာ ပထမဆုံး ထုတ်လုပ်တဲ့ လေယာဉ်တင် သင်္ဘောဟာ ရေကြောင်း လေ့ကျင်ဖို့နဲ့ စမ်းသပ်ဖို့ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း တရုတ်အစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဘေဂျင်းအစိုးရဟာ ထိုင်ဝမ် ရွေးကောက်ပွဲမှာ ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားစဉ် အခုလို ထိုင်ဝမ်ရေလက်ကြားကို တရုတ်ပြည်တွင်းဖြစ် နာမည် မပေးရသေးတဲ့ လေယာဉ်တင် သင်္ဘော ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ဒီ လေယာဉ်တင် သင်္ဘောနဲ့ပါဆိုင်ရင် တရုတ်မှာ လေယာဉ်တင် သင်္ဘော နှစ်စီး ရှိသွားပြီ ဖြစ်ပါတယ်။



ပြည်တွင်းမှာ ပထမဆုံး ထုတ်လုပ်တဲ့ လေယာဉ်တင် သင်္ဘောဟာ ရေကြောင်း လေ့ကျင်ဖို့နဲ့ စမ်းသပ်ဖို့ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း တရုတ်အစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

ဘေဂျင်းအစိုးရဟာ ထိုင်ဝမ် ရွေးကောက်ပွဲမှာ ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားစဉ် အခုလို ထိုင်ဝမ်ရေလက်ကြားကို တရုတ်ပြည်တွင်းဖြစ် နာမည် မပေးရသေးတဲ့ လေယာဉ်တင် သင်္ဘော ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ဒီ လေယာဉ်တင် သင်္ဘောနဲ့ပါဆိုင်ရင် တရုတ်မှာ လေယာဉ်တင် သင်္ဘော နှစ်စီး ရှိသွားပြီ ဖြစ်ပါတယ်။

ဘယ်ဟာကိုမှ အထူးပြု ပစ်မှတ်ထားခြင်း မရှိကြောင်းနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ဘာမှ မသက်ဆိုင်ကြောင်း ရေတပ်ပြောခွင့်ရသူ ချန်ဒေဝေက ပြောပါတယ်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ဝူက တရုတ်ဟာ ထိုင်ဝမ် ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ကြိုးပမ်းနေကြောင်းနဲ့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်လို့ ရမှာ မဟုတ်ကြောင်း လူမှုကွန်ရက် Twitter မှာ ရေးသားခဲ့ပါတယ်။