ကယ်လီဖိုးနီးယားက ပါတီပွဲတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွား၊ လေးဦးသေ

0
12

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရက်စ်နိုမြို့က ပါတီပွဲတစ်ခုမှာ အနည်းဆုံး လူကိုးဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး လူလေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖရက်စ်နိုမြို့က ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘီလ် ဒူလီက ပစ်ခတ်မှုဟာ နိုဝင်ဘာလ ၁၇ ရက် တနင်္ဂနွေနေ့ ညနေ ၆ နာရီဝန်းကျင်၊ မြို့ရဲ့ အရှေ့တောင်ဘက်အခြမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ အိမ်တစ်အိမ်ရဲ့ အနောက်က ခြံထဲမှာ ပါတီပွဲလုပ်နေတုန်း သံသယရှိသူက ခိုးဝင်ပြီး လူအုပ်ကို ပစ်ခတ်ခဲ့ဖြစ်ကြောင်းနဲ့ အနည်းဆုံး လူကိုးဦး ပစ်ခတ်ခံရပြီး လူတချို့ သေဆုံးနေတာတွေကြောင်း ဖရက်စ်နို ဘီး သတင်းစာကို ပြောခဲ့ပါတယ်။


ကယ်လီဖိုးနီးယားက ပါတီပွဲတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွား၊ လေးဦးသေ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖရက်စ်နိုမြို့က ပါတီပွဲတစ်ခုမှာ အနည်းဆုံး လူကိုးဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး လူလေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖရက်စ်နိုမြို့က ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဘီလ် ဒူလီက ပစ်ခတ်မှုဟာ နိုဝင်ဘာလ ၁၇ ရက် တနင်္ဂနွေနေ့ ညနေ ၆ နာရီဝန်းကျင်၊ မြို့ရဲ့ အရှေ့တောင်ဘက်အခြမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ အိမ်တစ်အိမ်ရဲ့ အနောက်က ခြံထဲမှာ ပါတီပွဲလုပ်နေတုန်း သံသယရှိသူက ခိုးဝင်ပြီး လူအုပ်ကို ပစ်ခတ်ခဲ့ဖြစ်ကြောင်းနဲ့ အနည်းဆုံး လူကိုးဦး ပစ်ခတ်ခံရပြီး လူတချို့ သေဆုံးနေတာတွေကြောင်း ဖရက်စ်နို ဘီး သတင်းစာကို ပြောခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် အသက်အန္တရာယ်ရှိသူတွေကို ဒေသတွင်း လူထုဆေးဘက်ဆိုင်ရာ ဌာနမှာ ပို့ဆောင်ထားပြီး ပစ်ခတ်ခံရသူ တချို့ကတော့ မစိုးရိမ်ရတဲ့ အခြေနေမှာ ရှိပါတယ်။ ပစ်ခတ်မှု သံသယရှိသူကို ဖမ်းမိခြင်း မရှိသေးပါဘူး။