အာဂ်င္တီးနား ေရငုပ္သေဘၤာ အဆက္သြယ္မရ သေဘၤာသား ၄၄ ဦးေပ်ာက္ဆံုးေန

0
345

အာဂ်င္တီးနားႏုိင္ငံက ေရငုပ္သေဘၤာတစ္စီး ဟာ  ေရဒါ စက္ကြင္းနဲ႔ ကင္းလြတ္ေနၿပီး  သေဘၤာသား ၄၄ဦးေပ်ာက္ဆံုးေနတယ္လို႔ သတင္းေတြကေဖာ္ျပပါတယ္။  

အာဂ်င္တီးနားေရတပ္ ရဲ႕ ARA San Juan  အမည္ရွိေရတပ္သေဘၤာ ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အဆက္သြယ္ျပတ္ေတာက္သြားခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ကယ္ဆယ္ရွာေဖြေရး လုပ္ငန္းေတြလုပ္ေနရတယ္လို႔အာဂ်င္တီးနား ေရတပ္ဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူတစ္ဦးကေျပာပါတယ္။  

ေရငုပ္သေဘၤာနဲ႔ ပတ္  သက္တဲ့သတင္းေတြမရေသးဘဲ  သေဘၤာဟာ နည္းပညာပိုင္းခက္ခဲမႈေတြေၾကာင့္ အဆက္သြယ္ျပတ္ေတာက္သြားတာျဖစ္ႏုိင္တယ္လုိ႔ ေျပာေရးဆုိခြင့္ရွိသူကေျပာပါတယ္။  

အာဂ်င္တီးနား အစုိးရ ဟာ ေရငုပ္သေဘၤာကုိရွာေဖြႏုိင္ဖုိ႔ ကမ္းရိုးတန္းေစာင့္ အဖြဲ႔ေတြ၊ ကင္းလွည့္ရဟတ္ယာဥ္ေတြ၊ နဲ႔ရွာေဖြမႈေတြလုပ္ေနၿပီးတစ္စံုတစ္ရာထူးျခားတာမရွိေသးဘူးလို႔ သတင္းေတြကေဖာ္ျပပါတယ္။

လက္ရွိအခ်ိန္မွာ အာဂ်င္တီးနားကမ္းရိုးတန္း တစ္ေလွ်ာက္ရွိ ဆက္သြယ္ေရး စက္မ်ားနဲ႔ ေရငုပ္သေဘၤာကို ဆက္သြယ္ႏုိင္ဖုိ႔ ႀကိဳးပမ္းမႈေတြျပဳလုပ္ေနပါတယ္။ ေပ်ာက္ဆံုးခဲ့တဲ့ေရငုပ္သေဘၤာ ဟာ ၁၉၈၅ ခုႏွစ္ ဂ်ာမနီႏိုင္ငံမွာတည္ေဆာက္ခဲ့တဲ့ သေဘၤာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဂျင်တီးနား ရေငုပ်သင်္ဘော အဆက်သွယ်မရ သင်္ဘောသား ၄၄ ဦးပျောက်ဆုံးနေ

အာဂျင်တီးနားနိုင်ငံက ရေငုပ်သင်္ဘောတစ်စီး ဟာ ရေဒါ စက်ကွင်းနဲ့ ကင်းလွတ်နေပြီး သင်္ဘောသား ၄၄ဦးပျောက်ဆုံးနေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

အာဂျင်တီးနားရေတပ် ရဲ့ ARA San Juan အမည်ရှိရေတပ်သင်္ဘော ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အဆက်သွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းတွေလုပ်နေရတယ်လို့အာဂျင်တီးနား ရေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

ရေငုပ်သင်္ဘောနဲ့ ပတ် သက်တဲ့သတင်းတွေမရသေးဘဲ သင်္ဘောဟာ နည်းပညာပိုင်းခက်ခဲမှုတွေကြောင့် အဆက်သွယ်ပြတ်တောက်သွားတာဖြစ်နိုင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

အာဂျင်တီးနား အစိုးရ ဟာ ရေငုပ်သင်္ဘောကိုရှာဖွေနိုင်ဖို့ ကမ်းရိုးတန်းစောင့် အဖွဲ့တွေ၊ ကင်းလှည့်ရဟတ်ယာဉ်တွေ၊ နဲ့ရှာဖွေမှုတွေလုပ်နေပြီးတစ်စုံတစ်ရာထူးခြားတာမရှိသေးဘူးလို့ သတင်းတွေကဖော်ပြပါတယ်။

လက်ရှိအချိန်မှာ အာဂျင်တီးနားကမ်းရိုးတန်း တစ်လျှောက်ရှိ ဆက်သွယ်ရေး စက်များနဲ့ ရေငုပ်သင်္ဘောကို ဆက်သွယ်နိုင်ဖို့ ကြိုးပမ်းမှုတွေပြုလုပ်နေပါတယ်။ ပျောက်ဆုံးခဲ့တဲ့ရေငုပ်သင်္ဘော ဟာ ၁၉၈၅ ခုနှစ် ဂျာမနီနိုင်ငံမှာတည်ဆောက်ခဲ့တဲ့ သင်္ဘောဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)