ဖီဂ်ဳံးစ္ ဒဏ္ရာရမႈအတြက္ အဂၤလန္ ကို မန္ယူနည္းျပေမာ္ရင္ဟို ျပစ္တင္

0
348

မန္ယူအသင္းနည္းျပ  ေမာ္ရင္ဟို ဟာ နယူးကာဆယ္နဲ႔ ပြဲမတုိင္မီအသင္းမွာ ဒဏ္ရာရကစားသမား အေရအတြက္တုိးလာမႈအေပၚ စိတ္ပ်က္ေနၿပီး ေနာက္ခံလူ ဖီးဂ်ဳံးစ္ဒဏ္ရာရမႈအတြက္  အဂၤလန္ အသင္းအေပၚ ျပစ္တင္ေဝဖန္မႈေတြလုပ္ခဲ့ပါတယ္။

ဖီဂ်ဴံးစ္မွာ ဒဏ္ရာရေနေပမယ့္  ဂ်ာမနီ နဲ႔ ကစားတဲ့ေျခစမ္းပြဲမွာ အဂၤလန္ အတြက္ ပါဝင္ကစားမႈရွိခဲ့ရာ ဒဏ္ရာအေျခေန ဆုိးခဲ့တယ္လို႔      ၿဗိတိန္ မီဒီယာေတြကေဖာ္ျပပါတယ္။

ဖီဂ်ဳံးစ္ ဟာ ဒဏ္ရာေၾကာင့္နယူးကာဆယ္နဲ႔ ကစားမယ့္ပြဲကို ပါဝင္ႏုိင္မွာမဟုတ္ပါဘူး၊   ဖီးဂ်ဳံးစ္ ဟာ အခုရာသီမွာ မန္ယူေနာက္ တန္းအတြက္ ဘိုင္လီ နဲ႔ တြဲၿပီးေျခစြမ္းျပ ကစားေနသူျဖစ္ပါတယ္။  နည္းျပေမာ္ရင္ဟိုက  ဒဏ္ရာရေနတဲ့ ကစားသမား တစ္ဦး ကို ေျခစမ္းပြဲမွာ ေဆးထုိးၿပီး ကစားေစခဲ့တာကို နားမလည္ႏုိင္ေအာင္ျဖစ္ေစခဲ့တယ္လုိ႔ ေျပာပါတယ္။  

ေမာ္ရင္ဟိုက သူဆုိရင္  အသင္းအတြက္ အဓိက အေရးႀကီးတဲ့ပြဲေတြမွသာ  ဒဏ္ရာရေနတဲ့ကစားသမားေတြကို ေဆးထုိးၿပီး ကစားေစတယ္လုိလည္းေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖီဂျုံးစ် ဒဏ်ရာရမှုအတွက် အင်္ဂလန် ကို မန်ယူနည်းပြမော်ရင်ဟို ပြစ်တင်

မန်ယူအသင်းနည်းပြ မော်ရင်ဟို ဟာ နယူးကာဆယ်နဲ့ ပွဲမတိုင်မီအသင်းမှာ ဒဏ်ရာရကစားသမား အရေအတွက်တိုးလာမှုအပေါ် စိတ်ပျက်နေပြီး နောက်ခံလူ ဖီးဂျုံးစ်ဒဏ်ရာရမှုအတွက် အင်္ဂလန် အသင်းအပေါ် ပြစ်တင်ဝေဖန်မှုတွေလုပ်ခဲ့ပါတယ်။

ဖီဂျူံးစ်မှာ ဒဏ်ရာရနေပေမယ့် ဂျာမနီ နဲ့ ကစားတဲ့ခြေစမ်းပွဲမှာ အင်္ဂလန် အတွက် ပါဝင်ကစားမှုရှိခဲ့ရာ ဒဏ်ရာအခြေနေ ဆိုးခဲ့တယ်လို့ ဗြိတိန် မီဒီယာတွေကဖော်ပြပါတယ်။

ဖီဂျုံးစ် ဟာ ဒဏ်ရာကြောင့်နယူးကာဆယ်နဲ့ ကစားမယ့်ပွဲကို ပါဝင်နိုင်မှာမဟုတ်ပါဘူး၊ ဖီးဂျုံးစ် ဟာ အခုရာသီမှာ မန်ယူနောက် တန်းအတွက် ဘိုင်လီ နဲ့ တွဲပြီးခြေစွမ်းပြ ကစားနေသူဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုက ဒဏ်ရာရနေတဲ့ ကစားသမား တစ်ဦး ကို ခြေစမ်းပွဲမှာ ဆေးထိုးပြီး ကစားစေခဲ့တာကို နားမလည်နိုင်အောင်ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။

မော်ရင်ဟိုက သူဆိုရင် အသင်းအတွက် အဓိက အရေးကြီးတဲ့ပွဲတွေမှသာ ဒဏ်ရာရနေတဲ့ကစားသမားတွေကို ဆေးထိုးပြီး ကစားစေတယ်လိုလည်းပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)