အီရတ္တပ္ဖြဲ႔ေတြ  IS အၾကမ္းဖက္အဖြဲ႔ ေျခကုပ္ယူထားတဲ့ ရာဝါၿမိဳ႕ကိုသိမ္းပိုက္

0
370

အီရတ္ အစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာပဲ အစၥလာမ္ အစြန္းေရာက္အဖြဲ႔ ေျခကုတ္ယူထားတဲ့ ရာဝါၿမိဳ႕ကို ျပန္သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။  

ရာဝါၿမိဳ႕ဟာ ဆီးရီးယားနယ္စပ္ကေန မုိင္ ၇၀ အကြာမွာ ရွိေနၿပီး အီရတ္ အစိုးရတပ္ဖြဲ႔ေတြဟာ အဲဒီၿမိဳ႕ကို ျပန္သိမ္းပိုက္ႏုိင္ဖုိ႔ သီတင္းပတ္ေပါင္းမ်ားစြာ ဝန္းရံခဲ့ပါတယ္။

အစြန္းေရာက္အဖြဲ႔ေတြနဲ႔ ေထာက္ခံသူေတြကို အေမရိကန္က ေလေၾကာင္းက ဗံုးႀကဲတုိက္ခိုက္ခဲ့တာေၾကာင့္ အစိုးရတပ္ဖြဲ႔ေတြရဲ႕ တုိက္ခုိက္မႈကို  ၿမိဳ႕အတြင္းမွာ ခုခံတုိက္ခုိက္မႈေတြ အနည္းငယ္သာ ရွိခဲ့တယ္လို႔  အီရတ္ တပ္မႉးကေျပာပါတယ္။  

အီရတ္စစ္တပ္က ရာဝါၿမိဳ႕ဟာ လက္ရွိအခ်ိန္မွာ စစ္ေသြးၾကြလက္ထဲကေန အၿပီးတုိင္ လြတ္ေျမာက္သြားၿပီလို႔ ေၾကညာခဲ့ပါတယ္။ အီရတ္ စစ္ဘက္ေျပာေရးဆုိခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ရီရာ ရာဆူးလ္က အစိုးရ တပ္ဖြဲ႔ေတြဟာ ထြက္ေျပးသြားတဲ့ စစ္ေသြးၾကြေတြကို ၿမိဳ႕ဝန္းက်င္မွာ လုိက္လံ တုိက္ခုိက္ေနတယ္လို႔ အတည္ျပဳခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရတ်တပ်ဖွဲ့တွေ IS အကြမ်းဖက်အဖွဲ့ ခြေကုပ်ယူထားတဲ့ ရာဝါမြို့ကိုသိမ်းပိုက်

အီရတ် အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အစ္စလာမ် အစွန်းရောက်အဖွဲ့ ခြေကုတ်ယူထားတဲ့ ရာဝါမြို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရာဝါမြို့ဟာ ဆီးရီးယားနယ်စပ်ကနေ မိုင် ၇၀ အကွာမှာ ရှိနေပြီး အီရတ် အစိုးရတပ်ဖွဲ့တွေဟာ အဲဒီမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ သီတင်းပတ်ပေါင်းများစွာ ဝန်းရံခဲ့ပါတယ်။ အစွန်းရောက်အဖွဲ့တွေနဲ့ ထောက်ခံသူတွေကို အမေရိကန်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အစိုးရတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို မြို့အတွင်းမှာ ခုခံတိုက်ခိုက်မှုတွေ အနည်းငယ်သာ ရှိခဲ့တယ်လို့ အီရတ် တပ်မှူးကပြောပါတယ်။

အီရတ်စစ်တပ်က ရာဝါမြို့ဟာ လက်ရှိအချိန်မှာ စစ်သွေးကြွလက်ထဲကနေ အပြီးတိုင် လွတ်မြောက်သွားပြီလို့ ကြေညာခဲ့ပါတယ်။ အီရတ် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရီရာ ရာဆူးလ်က အစိုးရ တပ်ဖွဲ့တွေဟာ ထွက်ပြေးသွားတဲ့ စစ်သွေးကြွတွေကို မြို့ဝန်းကျင်မှာ လိုက်လံ တိုက်ခိုက်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)