ကင္ညာဆႏၵျပပြဲအတြင္း ဆႏၵျပသူေတြကို က်ည္ဆံအစစ္ေတြနဲ႔ ပစ္ခတ္

0
429

ကင္ညာႏုိင္ငံ ႏိုင္ရိုဘီၿမိဳ႕မွာ အတုိက္အခံေခါင္းေဆာင္ ရိုင္လာအိုဒင္ဂါကို ေထာက္ခံသူေတြနဲ႔   အစိုးရတပ္ဖြဲ႔ေတြၾကား ထိပ္တုိက္ေတြ႔ဆံုမႈေတြေၾကာင့္ လူ ၅ ဦးေသဆံုးသြားခဲ့ပါတယ္။

ႏိုင္ရိုဘီၿမိဳ႕ ေလဆိပ္ကေန ၿမိဳ႕လယ္အထိ အတုိက္ခံေခါင္းေဆာင္ကို ေထာက္ခံသူေတြ ဆႏၵျပခဲ့ၿပီးေနာက္ လံုျခံဳေရးတပ္ဖြဲ႔ေတြဟာ   ဆႏၵျပသူေတြကို ျဖိဳခြင္းႏုိင္ဖုိ႔ မ်က္ရည္ယိုဗံုး၊  မီးသတ္ပိုက္ေတြ အသံုးျပဳခဲ့ပါတယ္။  အတုိက္ခံပါတီ ေခါင္းေဆာင္က အာဏာပိုင္ေတြဟာ ဆႏၵျပသူေတြ လူစုခြဲႏုိင္ဖို႔ လက္နက္ကိုင္အဖြဲ႔ေတြကို အသံုးျပဳခဲ့ၿပီး က်ည္ဆံအစစ္ေတြလည္း အသံုးျပဳခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။   

ႏုိင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ (AI) က ကင္ညာအစိုးရ အေနနဲ႔ က်ည္ဆံအစစ္ေတြ အသံုးျပဳတာကို ရပ္တန္႔ဖို႔ တုိက္တြန္းထားပါတယ္။ က်ည္ဆံအစစ္ေတြ အသံုးျပဳတာဟာ ရာဇာဝတ္မႈ က်ဴးလြန္တာျဖစ္ၿပီး အဲဒီလုပ္ရပ္ကို လက္မခံႏုိင္ေၾကာင္း၊ ဆႏၵျပသူေတြကို လူစုခြဲဖုိ႔ က်ည္ဆံအစစ္ကို အသံုးျပဳခြင့္ ျပဳထားတာ မရွိဘူးလို႔လည္း AI က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကင်ညာဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတွေကို ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါကို ထောက်ခံသူတွေနဲ့ အစိုးရတပ်ဖွဲ့တွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် လူ ၅ ဦးသေဆုံးသွားခဲ့ပါတယ်။

နိုင်ရိုဘီမြို့ လေဆိပ်ကနေ မြို့လယ်အထိ အတိုက်ခံခေါင်းဆောင်ကို ထောက်ခံသူတွေ ဆန္ဒပြခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေကို ဖြိုခွင်းနိုင်ဖို့ မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ပါတယ်။ အတိုက်ခံပါတီ ခေါင်းဆောင်က အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေ လူစုခွဲနိုင်ဖို့ လက်နက်ကိုင်အဖွဲ့တွေကို အသုံးပြုခဲ့ပြီး ကျည်ဆံအစစ်တွေလည်း အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ကင်ညာအစိုးရ အနေနဲ့ ကျည်ဆံအစစ်တွေ အသုံးပြုတာကို ရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။ ကျည်ဆံအစစ်တွေ အသုံးပြုတာဟာ ရာဇာဝတ်မှု ကျူးလွန်တာဖြစ်ပြီး အဲဒီလုပ်ရပ်ကို လက်မခံနိုင်ကြောင်း၊ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ကျည်ဆံအစစ်ကို အသုံးပြုခွင့် ပြုထားတာ မရှိဘူးလို့လည်း AI က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)