ေဝလနည္းျပ ရာထူးက ကိုးလ္မန္း ႏုတ္ထြက္

0
484

ေဝလအသင္း နည္းျပ ခရစ္ကိုးလ္မန္းဟာ ဒီေန႔ ႏိုဝင္ဘာ ၁၈ ရက္ေန႔မွာပဲ ရာထူးက ႏုတ္ထြက္သြားခဲ့ပါတယ္။  

ကိုးလ္မန္းဟာ ခ်န္ပီယံရွစ္ ၿပိဳင္ပြဲမွာ ရုန္းကန္ေနရတဲ့ ဆန္းဒါလန္းအသင္းကို တာဝန္ယူဖို႔ သေဘာတူညီမႈ ရရွိထားေၾကာင့္ ေဝလနည္းျပ ရာထူးကေန ႏုတ္ထြက္သြားခဲ့တာ ျဖစ္ပါတယ္။

 ေဝလအသင္းဟာ လာမယ့္ႏွစ္မွာ က်င္းပမယ့္ ႐ုရွား ကမာၻ႔ဖလားၿပိဳင္ပြဲေျခစစ္ပြဲ ေအာင္ျမင္မႈ မရခဲ့ၿပီးေနာက္  ကိုးလ္မန္းဟာ ေဝလ ေဘာလံုးအဖြဲ႔ခ်ဳပ္ တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးခဲ့ၿပီးေနာက္ ရာထူးက ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။  

ကိုးလ္မန္းဟာ လာမယ့္ရက္ပိုင္းမွာ ဆန္းဒါလန္းအသင္း နည္းျပအျဖစ္ တရားဝင္ တာဝန္ယူသြားမယ္လို႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝေလနည်းပြ ရာထူးက ကိုးလ်မန်း နုတ်ထွက်

ဝေလအသင်း နည်းပြ ခရစ်ကိုးလ်မန်းဟာ ဒီနေ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာပဲ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။

ကိုးလ်မန်းဟာ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ရုန်းကန်နေရတဲ့ ဆန်းဒါလန်းအသင်းကို တာဝန်ယူဖို့ သဘောတူညီမှု ရရှိထားကြောင့် ဝေလနည်းပြ ရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဝေလအသင်းဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲ အောင်မြင်မှု မရခဲ့ပြီးနောက် ကိုးလ်မန်းဟာ ဝေလ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီးနောက် ရာထူးက နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ကိုးလ်မန်းဟာ လာမယ့်ရက်ပိုင်းမှာ ဆန်းဒါလန်းအသင်း နည်းပြအဖြစ် တရားဝင် တာဝန်ယူသွားမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)