သမၼတ မူဂါဘီကို ရာထူးက ထြက္ဖုိ႔ အာဏာရပါတီ ေတာင္းဆုိ

0
385

ဇင္ဘာေဘြ အာဏာရပါတီ ဇာႏူ ပီအက္ဖ္ (Zanu-PF) ပါတီက အာဏာသိမ္းခံထားရတဲ့ သမၼတ ေရာဘတ္ မူဂါဘီကို ရာထူးကေန ႏုတ္ထြက္ဖုိ႔ ေတာင္းဆုိလုိက္ပါတယ္။  

အာဏာရပါတီဟာ  စစ္တပ္က အာဏာသိမ္းမႈကို အျပည့္အဝ ေထာက္ခံထားၿပီး  သမၼတ မူဂါဘီ ရာထူးမွ တရားဝင္ ႏုတ္ထြက္ေရး ႏိုဝင္ဘာ ၁၈ ရက္ေန႔မွာ ဆႏၵျပမႈေတြ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။

သမၼတ မူဂါဘီဟာ ႏိုဝင္ဘာ ၁၇ ရက္ေန႔က က်င္းတဲ့ ဘြဲ႔ႏွင္းသဘင္ အခမ္းနားကို တက္ေရာက္ကာ ဆုခ်ီးျမွင့္ခဲ့ၿပီး အာဏာသိမ္းခံရၿပီးေနာက္ပိုင္း ပထမဆံုး  လူျမင္ကြင္းကို ထြက္လာတာျဖစ္ပါတယ္။  

သမၼတ မူဂါဘီဟာ သူရဲ႕ေနရာကို ဆက္ခံေရးနဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္  ရက္ပိုင္းအၾကာမွာပဲ အာဏာသိမ္းခံရတာ ျဖစ္ပါတယ္။

မူဂါဘီဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ဒုတိယ သမၼတကို ရာထူးက ထုတ္ပယ္ခဲ့ၿပီး သူရဲ႕ ဇနီးျဖစ္သူကို သမၼတေနရာ ဆက္ခံဖုိ႔ ျပင္ဆင္မႈေတြ ရွိခဲ့တယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။  အာဏာရပါတီရဲ႕ ေဒသအတြင္းရွိ ပါတီခြဲ ၁၀ ခုအနက္ ၈ ခုက သမၼတ မူဂါဘီကို ရာထူးက ႏုတ္ထြက္ဖို႔ တုိက္တြန္းခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ မူဂါဘီကို ရာထူးက ထွက်ဖို့ အာဏာရပါတီ တောင်းဆို

ဇင်ဘာဘွေ အာဏာရပါတီ ဇာနူ ပီအက်ဖ် (Zanu-PF) ပါတီက အာဏာသိမ်းခံထားရတဲ့ သမ္မတ ရောဘတ် မူဂါဘီကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုလိုက်ပါတယ်။

အာဏာရပါတီဟာ စစ်တပ်က အာဏာသိမ်းမှုကို အပြည့်အဝ ထောက်ခံထားပြီး သမ္မတ မူဂါဘီ ရာထူးမှ တရားဝင် နုတ်ထွက်ရေး နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဆန္ဒပြမှုတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

သမ္မတ မူဂါဘီဟာ နိုဝင်ဘာ ၁၇ ရက်နေ့က ကျင်းတဲ့ ဘွဲ့နှင်းသဘင် အခမ်းနားကို တက်ရောက်ကာ ဆုချီးမြှင့်ခဲ့ပြီး အာဏာသိမ်းခံရပြီးနောက်ပိုင်း ပထမဆုံး လူမြင်ကွင်းကို ထွက်လာတာဖြစ်ပါတယ်။

သမ္မတ မူဂါဘီဟာ သူရဲ့နေရာကို ဆက်ခံရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အာဏာသိမ်းခံရတာ ဖြစ်ပါတယ်။

မူဂါဘီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဒုတိယ သမ္မတကို ရာထူးက ထုတ်ပယ်ခဲ့ပြီး သူရဲ့ ဇနီးဖြစ်သူကို သမ္မတနေရာ ဆက်ခံဖို့ ပြင်ဆင်မှုတွေ ရှိခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ အာဏာရပါတီရဲ့ ဒေသအတွင်းရှိ ပါတီခွဲ ၁၀ ခုအနက် ၈ ခုက သမ္မတ မူဂါဘီကို ရာထူးက နုတ်ထွက်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)