ဂ်ာနယ္လစ္ေပ်ာက္ဆံုးမႈ ေဆာ္ဒီဘက္ကေန ဖံုးကြယ္ေပးမွာ မဟုတ္ေၾကာင္း သမၼတ ထရမ့္ ေျပာ

0
1028

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေဆာ္ဒီ ဂ်ာနယ္လစ္ ေပ်ာက္ဆံုးေနတာနဲ႔ ပတ္သက္ၿပီး မဟာမိတ္ျဖစ္တဲ့ ေဆာ္ဒီအာေရဗ်ႏုိင္ငံဘက္က လုိက္ၿပီး ဖံုးကြယ္ေပးေနမွာ မဟုတ္ေၾကာင္း ေျပာလုိက္ပါတယ္။

ေဆာ္ဒီအာေရဗ် ဂ်ာနယ္လစ္ ဂ်မယ္ ခါေရွာ့ဂီဟာ ေအာက္တုိဘာ ၂ ရက္ေန႔က တူရကီႏုိင္ငံရွိ ေဆာ္ဒီအာေရဗ် ေကာင္စစ္ဝန္႐ံုးကို အသြား ေပ်ာက္ဆံုးသြားခဲ့ရာ ေဆာ္ဒီအာေရဗ်ကို ျပင္းထန္တဲ့ ေဝဖန္မႈေတြ ရွိေနခဲ့ပါတယ္။ ခါေရွာ့ဂီဟာ တူရကီလိုလားသူအျဖစ္ လူသိမ်ားၿပီး တူရကီနဲ႔ ေဆာ္ဒီအာေရဗ် ႏုိင္ငံၾကားလည္း တင္းမာမႈေတြ ျဖစ္ခဲ့ပါတယ္။

သမၼတ ထရမ့္ကေတာ့ ေဆာ္ဒီအာေရဗ်ဘက္မွ လုိက္လံ ကာကြယ္ေပးမွာ မဟုတ္ေၾကာင္း၊ အမွန္တရား မၾကာခင္ ေပၚလာမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ခါေရွာ့ဂီဟာ ေဆာ္ဒီအာေရဗ် ေကာင္စစ္ဝန္႐ံုးအတြင္း ညွဥ္းပမ္းႏွိပ္စက္ သတ္ျဖတ္ခံရတာ ျဖစ္ႏုိင္ေၾကာင္း ခန္႔မွန္းမႈေတြ ျမင့္တက္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျာနယ်လစ်ပျောက်ဆုံးမှု ဆော်ဒီဘက်ကနေ ဖုံးကွယ်ပေးမှာ မဟုတ်ကြောင်း သမ္မတ ထရမ့် ပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီ ဂျာနယ်လစ် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး မဟာမိတ်ဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံဘက်က လိုက်ပြီး ဖုံးကွယ်ပေးနေမှာ မဟုတ်ကြောင်း ပြောလိုက်ပါတယ်။

ဆော်ဒီအာရေဗျ ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီဟာ အောက်တိုဘာ ၂ ရက်နေ့က တူရကီနိုင်ငံရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးကို အသွား ပျောက်ဆုံးသွားခဲ့ရာ ဆော်ဒီအာရေဗျကို ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ခါရှော့ဂီဟာ တူရကီလိုလားသူအဖြစ် လူသိများပြီး တူရကီနဲ့ ဆော်ဒီအာရေဗျ နိုင်ငံကြားလည်း တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

သမ္မတ ထရမ့်ကတော့ ဆော်ဒီအာရေဗျဘက်မှ လိုက်လံ ကာကွယ်ပေးမှာ မဟုတ်ကြောင်း၊ အမှန်တရား မကြာခင် ပေါ်လာမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ခါရှော့ဂီဟာ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးအတွင်း ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံရတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေ မြင့်တက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)