
0
1601




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မော်လ်တာကလပ်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ် မချုပ်ဘူးဆိုတဲ့ ဟူစိန်ဘော့

အိုလံပစ် အပြေးပြိုင်ပွဲ ချန်ပီယံဟောင်း ဟူစိန်ဘော့က သူ့အနေနဲ့ မော်လ်တာနိုင်ငံ အမှတ်ပေးချန်ပီယံ ဗယ်လက်တာနဲ့ ၂ နှစ် စာချုပ် လက်မှတ်ရေးထိုးလိုက်ပြီဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပါတယ်။

ဟူစိန်ဘော့ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကကို ဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး မော်လ်တာ ကလပ်နဲ့အတူ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကို စတင်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့လို့ အခုလို ငြင်းဆိုတာ ဖြစ်ပါတယ်။ အိုလံပစ် အပြေးပြိုင်ပွဲမှာ ချန်ပီယံဆု ၈ ကြိမ် ရရှိထားသူ ဂျမေကာနိုင်ငံသားဟာ ပြီးခဲ့တဲ့ သောကြာနေ့က ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဘော့ဟာ လက်ရှိမှာ သြစတြေးလျ ကလပ်တစ်ခုဖြစ်တဲ့ ဆန်ထရယ် ကို့စ် မရိန်နာမှာ ခြေစမ်းပွဲ ကစားနေပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်နိုင်ခြင်း ရှိ၊ မရှိ ဆိုတာကို စမ်းသပ်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)