ခ႐ိုင္းမီးယား ေကာလိပ္မွာ ပစ္ခတ္မႈျဖစ္လို႔ ေက်ာင္းသား ၁၉ ဦးေသ

1
184

႐ုရွားႏုိင္ငံ၊ ခ႐ိုင္းမီးယားေဒသရွိ ေကာလိပ္တစ္ခုမွာ မေန႔ ေအာက္တုိဘာ ၁၇ ရက္က ေက်ာင္းသားတစ္ဦးက ေသနတ္နဲ႔ ပစ္ခတ္ခဲ့လို႔ ၁၉ ဦး ေသဆံုးၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရသြားခဲ့ပါတယ္။

ကီရက္ၿမိဳ႕ရွိ ေပၚလီတကၠနစ္ ေကာလိပ္မွာ အသက္ ၁၈ ႏွစ္အရြယ္ ေက်ာင္းသားတစ္ဦးက ပစ္ခတ္ခဲ့တာ ျဖစ္ၿပီး ပစ္ခတ္သူဟာ ဗလာဒီ ဆလက္႐ို႕စ္ယာေကာ့ဗ္ ျဖစ္တယ္လို႔ ရဲေတြက ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ ပစ္ခတ္တဲ့ေက်ာင္းသားဟာ သူ႔ကိုယ္သူလည္း အဆံုးစီရင္သြားပါတယ္။

ေသနတ္သမားရဲ႕ မိခင္ဟာ သူနာျပဳတစ္ဦးျဖစ္ၿပီး ဒဏ္ရာရသူေတြကို ျပဳစုေပးေနစဥ္ ပစ္ခတ္သူက သူ႔သားျဖစ္တယ္ဆိုတာ အေစာပိုင္းက မသိရွိခဲ့ပါဘူး။ ေသနတ္သမား ေက်ာင္းသားဟာ အထီးက်န္ေနေလ့ရွိၿပီး လူမႈကြန္ရက္ေပၚမွာ စိတ္ဓာတ္က်တဲ့စာေတြ ေရးေလ့ရွိသူ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခရိုင်းမီးယား ကောလိပ်မှာ ပစ်ခတ်မှုဖြစ်လို့ ကျောင်းသား ၁၉ ဦးသေ

ရုရှားနိုင်ငံ၊ ခရိုင်းမီးယားဒေသရှိ ကောလိပ်တစ်ခုမှာ မနေ့ အောက်တိုဘာ ၁၇ ရက်က ကျောင်းသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ၁၉ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရသွားခဲ့ပါတယ်။

ကီရက်မြို့ရှိ ပေါ်လီတက္ကနစ် ကောလိပ်မှာ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးက ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ပစ်ခတ်သူဟာ ဗလာဒီ ဆလက်ရို့စ်ယာကော့ဗ် ဖြစ်တယ်လို့ ရဲတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ပစ်ခတ်တဲ့ကျောင်းသားဟာ သူ့ကိုယ်သူလည်း အဆုံးစီရင်သွားပါတယ်။

သေနတ်သမားရဲ့ မိခင်ဟာ သူနာပြုတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူတွေကို ပြုစုပေးနေစဉ် ပစ်ခတ်သူက သူ့သားဖြစ်တယ်ဆိုတာ အစောပိုင်းက မသိရှိခဲ့ပါဘူး။ သေနတ်သမား ကျောင်းသားဟာ အထီးကျန်နေလေ့ရှိပြီး လူမှုကွန်ရက်ပေါ်မှာ စိတ်ဓာတ်ကျတဲ့စာတွေ ရေးလေ့ရှိသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.