
1
185




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆေးခြောက်သုံးစွဲခွင့် ပေးပြီးနောက် ဝယ်ယူသူတွေ အလွန်များပြား

ကနေဒါနိုင်ငံမှာ ဆေးခြောက်ဝယ်ယူ သုံးစွဲခွင့်ကို တရားဝင် ခွင့်ပြုလိုက်ပြီးနောက် ဈေးဆိုင်တွေမှာ ဆေးခြောက် ဝယ်ယူသူတွေ အလွန်များပြားနေပါတယ်။

ကနေဒါ အစိုးရက ဆေးခြောက်ဝယ်ယူ သုံးစွဲခွင့်ပေးခဲ့ရာ ဆိုင်အများပြားမှာ ဆေးခြောက်ကို လိုင်စင်နဲ့ ဝယ်ယူလိုသူတွေ အများပြား ရှိနေခဲ့ပါတယ်။ ကနေဒါနိုင်ငံဟာ ကမ္ဘာမှာ ဆေးခြောက်ကို နိုင်ငံအနှံ့ တရားဝင် သုံးစွဲခွင့်ပေးတဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်ပြီး ပထမဆုံး ခွင့်ပြုတဲ့ နိုင်ငံက ဥရုဂွေးနိုင်ငံ ဖြစ်ပါတယ်။

ဒါပေမယ့် အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ဆေးခြောက်ကို ၃၀ ဂရမ်နဲ့အထက် လက်ဝယ် ပိုင်ဆိုင်ထားမယ် ဆိုရင်တော့ အဲဒီလူကို တရားမဝင် သုံးစွဲသူအဖြစ် သတ်မှတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.