ပါကစၥတန္ လံုၿခံဳေရး တပ္ဖြဲ႔ကို ပစ္မွတ္ထား တိုက္ခိုက္မႈ ၆ ဦးေသ

0
296

ပါကစၥတန္ ႏိုင္ငံ၊ ကူအက္တာၿမိဳ႕မွာ ပါကစၥတန္ လံုၿခံဳေရးတပ္ဖြဲ႔ကို ေအာက္တိုဘာ ၁၈ ရက္ေန႔မွာ ပစ္မွတ္ထား ဗံုးခြဲတိုက္ခိုက္မႈျဖစ္ၿပီး အနည္းဆံုး ၆ ဦး ေသဆံုးပါတယ္။

တာလီဘန္ေတြက ဒီဗံုးခြဲတိုက္ခိုက္မႈဟာ သူတို႔လက္ခ်က္လို႔ ေၾကညာပါတယ္။ ၿမိဳ႕ေတာင္ပိုင္း အစြန္မွာ ရဲတပ္သားေတြကို သယ္လာတဲ့ ထရပ္ကားကို ပစ္မွတ္ထား တိုက္ခိုက္တာ ျဖစ္ၿပီး ရဲ ေျခာက္ဦးေသဆံုးကာ ၁၀ ဦး ဒဏ္ရာရခဲ့တာ ျဖစ္ပါတယ္။

အေသခံဗံုးခြဲမႈ ဟုတ္၊ မဟုတ္ မသိေသးပါဘူး၊ အခင္းျဖစ္တဲ့ေနရာမွာ စစ္ေဆးမႈေတြ လုပ္ေနပါတယ္လို႔ ကူအက္တာ ရဲခ်ဳပ္ အဗၺဒူ ရက္ဇက္ ခ်ီမာက ေျပာပါတယ္။

ကူအက္တာမွာ တိုက္ခိုက္ခံရမႈဟာ ဒုတိယအႀကိမ္ ျဖစ္ၿပီး ေအာက္တိုဘာ ၁၃ ရက္ေန႔က တိုက္ခိုက္ခံရမႈမွာ ရဲတစ္ဦး ေသဆံုးကာ သံုးဦး ဒဏ္ရာရခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်မှု ၆ ဦးသေ

ပါကစ္စတန် နိုင်ငံ၊ ကူအက်တာမြို့မှာ ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ကို အောက်တိုဘာ ၁၈ ရက်နေ့မှာ ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး အနည်းဆုံး ၆ ဦး သေဆုံးပါတယ်။

တာလီဘန်တွေက ဒီဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ကြေညာပါတယ်။ မြို့တောင်ပိုင်း အစွန်မှာ ရဲတပ်သားတွေကို သယ်လာတဲ့ ထရပ်ကားကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်ပြီး ရဲ ခြောက်ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အသေခံဗုံးခွဲမှု ဟုတ်၊ မဟုတ် မသိသေးပါဘူး၊ အခင်းဖြစ်တဲ့နေရာမှာ စစ်ဆေးမှုတွေ လုပ်နေပါတယ်လို့ ကူအက်တာ ရဲချုပ် အဗ္ဗဒူ ရက်ဇက် ချီမာက ပြောပါတယ်။

ကူအက်တာမှာ တိုက်ခိုက်ခံရမှုဟာ ဒုတိယအကြိမ် ဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်နေ့က တိုက်ခိုက်ခံရမှုမှာ ရဲတစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)